spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းMSFC ညီလာခံကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပမည်

    MSFC ညီလာခံကို လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပမည်

    -

    မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ဒုတိယအကြိမ်မြောက် ညီလာခံကို လွတ်မြောက် နယ်မြေတစ်နေရာတွင် ၂ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ အာဏာရှင်ကို တွန်းလှန်နေသည့် နွေဦးတော်လှန်ရေးအစုအဖွဲ့များနှင့် မွန်ပြည်နယ်အခြေပြု နိုင်ငံရေး၊ လူမှုရေးစသည့် အဖွဲ့အစည်းများကို ဖိတ်ကြားထားသည်ဟု သိရသည်။

    MSFC ၏ ဒုတိယအကြိမ် ညီလာခံကို မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများ မွန်ပြည်ဖက်ဒရယ်အရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရှိရန်၊ MSFC ရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ လမ်းပြမြေပုံများကို စုပေါင်း ခေါင်းဆောင်မှုဖြင့် ဆက်လက် အကောင်အထည် ဖော်ရန်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး ဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ချက် ချမှတ်နိုင်ရန်၊ ပြည်သူလူထု အနေဖြင့် MSFC အကြောင်း ပိုမိုသိရှိလာစေရန်နှင့် မွန်ပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးဆိုၚ်ရာကိစ္စရပ်များကို ဆုံးဖြတ်ချက်များ ချမှတ်ရန် ရည်ရွယ်ချက် (၅) ရပ်တို့ဖြင့် ကျင်းပသွားမည်ဟုလည်း MSFC ၏ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

    စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတရပ်ပေါ်ထွန်းရန် ပြည်သူ့ တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ပြီးနောက် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ (Mon State Interim Coordinating Committee – MSICC) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

    ထိုမှတဆင့် စုစည်းမှုအားကောင်းသော မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council) အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ပထမအကြိမ်ညီလာခံကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁-၂၂) ရက်နေ့ များတွင် ကျင်းပပြီးနောက် တော်လှန်ရေးကြားကာလ ကျင့်သုံးဖို့ အာဏာသုံး ရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအစီအမံများ ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

    ထို့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ကိုယ်စားလှယ်များသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၌ ဝန်ကြီး သုံးဦးနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ကိုယ်စားလှယ် သုံးဦး ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။

    လက်ရှိ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အစုအဖွဲ့များ၊ CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများ၊ နိုင်ငံရေးသမားများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူမျိုးစုများ၊ အမျိုးသမီး၊ LGBT နှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပြင် တတ်သိပညာရှင်တို့ပါဝင်ပြီး MSFC ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် မွန်ပြည်တော်လှန်ရေးတပ် MSRF ကိုလည်း ဖွဲ့စည်းထူထောင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks