Friday, March 13, 2026
More
    spot_img
    Homeဓါတ်ပုံသတင်းဘီးလင်းတွင် အရပ်သား ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်၊ နေအိမ်ပါ မွှေနှောက်ဖျက်ဆီး

    ဘီးလင်းတွင် အရပ်သား ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်၊ နေအိမ်ပါ မွှေနှောက်ဖျက်ဆီး

    -

    မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဝင်းတာပန်ကျေးရွာတွင် အရပ်သား ၁ ဦးကို စစ်ကောင်စီတပ်တို့က အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်ကိုပါ မွှေနှောက်ဖျက်ဆီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီ ဝင်းတာပန်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များမှ နောင်ကတုတ်ချောင်းအနီးရှိ ပနာ့ကွီး(ဒေသအခေါ်ဝေါ်) နေရာတွင် အသက် ၃၃ နှစ်ရှိ ဝင်းတာပန်အထက်ရွာနေ စောချဝေါ် ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်သည် ဘယ်ဖက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

    “အဲ့ဒီ ရွာသားကို ပစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၃ နာရီကတည်းက ဝင်းတာပန် စခန်းကနေထွက်ပြီး လေးကေဘက် တက်သွားတယ်။ အဲ့အစပ်ကြား စောချဝေါ်က ဟင်းသီးဟင်းရွက်ရှာ ဝါးသွားခုတ်နေတုန်း သူတို့နဲ့တိုးလို့ ပစ်ခံရတာ” ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး KNU က ထုတ်ပြန်ထားသည်။

    ၎င်းပြင် ဖေဖော်ဝါရီလ ၂၁ နှင့် ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီ ဝင်းတာပန်စခန်းမှ တပ်ဖွဲ့ဝင်များ ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး နေအိမ်များ မွှေနှောက်ဖျက်ဆီးကာ အိမ်အတွင်းရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကိုလည်း ယူသွားခဲ့သည်ဟု ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks