spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့ပေါ် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး၊ ဒရုန်းဖြင့်ပါ ဗုံးကြဲပစ်ခတ်နေဟု KNU ထုတ်ပြန်

    ကော့ကရိတ်မြို့ပေါ် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး၊ ဒရုန်းဖြင့်ပါ ဗုံးကြဲပစ်ခတ်နေဟု KNU ထုတ်ပြန်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်တို့က မီးတင်ရှို့ဖျက်စီးနေသည့်အပြင် ဒရုန်းဖြင့်ပါ လိုက်လံဗုံးကြဲ ပစ်ခတ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

    ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF နှင့် ဒရုန်းပူးပေါင်းတပ်တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာမှ ယနေ့ထိ တိုက်ပွဲပြင်းထန်နေသည်။

    တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ခံ ထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြသည်။

    မြို့ခံများ တိမ်းရှောင်နေကြရချိန် မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ(၉၇)၊ ခလရ(၃၄၃)၊ ခလရ(၅၄၈)၊ မခရ(၂၀၇)၊ ခမရ(၂၀၁) နှင့် ခမရ(၂၀၃) တပ်ရင်းတို့မှ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားပြီး နေအိမ်ဆိုင်ခန်းများကိုလည်း မီးတင်ရှို့ခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် နေ့စဉ်နှင့်အမျှ လိုက်လံ ဗုံးကြဲပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မြို့တွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရှိသည့်နေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လိုက်လံ ဗုံးကြဲပစ်ခတ်ခြင်းနှင့် နေအိမ် ဆိုင်ခန်းများ မီးတင်ရှို့ ဖျက်ဆီးခြင်းများ ထပ်မံ လုပ်ဆောင်ခဲ့သည်။

    စစ်ကောင်စီတပ်တို့၏ မီးတင်ရှို့ဖျက်ဆီးမှုနှင့် ဗုံးကြဲ ပစ်ခတ်မှုများကြောင့် ကော့ရိတ်မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ် ဆိုင်ခန်း မြောက်များစွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု KNU က ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီ ယန္တရားလည်ပတ်မှုအတွက် အထူးအရေးပါသော အာရှလမ်းမကြီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ မြို့တစ်ခုလုံး သိမ်းပိုက် ထိန်းချုပ်နိုင်ရန်နှင့် အုပ်ချုပ်ရေး ယန္တရားများ ချမှတ်ထားနိုင်ရန် နေ့စဉ် တိုက်ပွဲဖော်ဆောၚ်လျက်ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks