spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လိုသူတို့ကို(MSFC) မှ စတင်လက်ခံနေ

    နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လိုသူတို့ကို(MSFC) မှ စတင်လက်ခံနေ

    -

    နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင် ထွက်ပြေးတိမ်းရှောင်လိုသည့် လူငယ်နှင့် ဒေသခံပြည်သူတို့ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ စတင်လက်ခံနေပြီးဖြစ်ကြောင်း သိရသည်။

    လက်ရှိ (MSFC ) နှင့် ချိတ်ဆက်လာသူတို့ကို ကိုယ်ရေးအချက်အလက်စိစစ်ပြီး သွားလိုသည့် ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် တော်လှန်ရေး စသည့် နယ်ပယ်အသီသီးတို့နှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တာဝန်ရှိသူ မိသောတဇဝ်က ဆိုသည်။

    "ကျမတို့သတ်မှတ်ထားတဲ့ နေရာကို ကိုယ့်အဆက်သွယ်နဲ့ ကိုယ်လာရမှာပါ၊ ပြီးတော့မှ ကိုယ်ရေးအချက်အလက်တွေ သူတို့ဖြစ်ချင်တဲ့ဆန္ဒ္ဒတွေမေးမြန်းပြီး တစ်ပတ်လောက် စောင့်ရှောက်ထားမယ်၊ ပြီးတော့မှ သူတို့ သွားလိုတဲ့ လွပ်မြောက်နယ်မြေမှာရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ သက်မွေးဝမ်းကျောင်းလိုနေရာမျိုးကို ဆက်သွယ်ပို့ဆောင်ပေးသွားမှာပါ"ဟုဆိုသည်။

    သို့သော် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ခိုလှုံလိုသူတို့ကို တာဝန်ယူ ဆောင်ရွက်ပေးသွားမည်မဟုတ်ကြောင်း ဆိုသည်။

    စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် လူငယ်တို့၏ လုံခြုံရေးအတွက် မိဘတို့ကိုယ်တိုင် လာရောက်တောင်းဆိုလာခြင်းကြောင့် (MSFC) အနေဖြင့် ယခုကဲသို့ အကောင်ထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်း မိသောတဇဝ်က ဆိုသည်။

    "အခိုလို ထလုပ်ရတာလည်း ကျမတို့ကိုယ်တိုင်က အရမ်းပြည့်စုံနေတာမဟုတ်ပါဘူး မိဘတွေရဲ့တောင်းဆိုမှုတွေကို ကျမတို့က လျစ်လျူမရူနိုင်ဘူးပေါ့ ၊ ပြီးတော့ လူငယ်တွေက ကျမတို့ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် အခုလိုအချိန်မှာ ကူညီသင့်တယ်လို့ ကျမထင်တယ်ပေါ့" ဟု ဆိုသည်။

    ထို့ကြောင့် လူငယ်တို့ စစ်အာဏာရှင်စနစ်အောက်မှ ရုံးထွက်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်ကြရန်လည်း (MSFC ) တိုက်တွန်းထားသည်။

    ပြည်သူများအနေဖြင့် စစ်ကောင်စီမှ ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့်ဖြစ်စေ စစ်ရေးအခြေအနေကြောင့်ဖြစ်စေ လွတ်မြောက်ရာသို့ ခိုလှုံလိုလျှင် မွန်ပြည်ဖက်ဒရယ်ကောင်စီသို့ ချိတ်ဆက်မေးမြန်းနိုင်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့်တကွ ထုတ်ပြန်ထားသည်။

    မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သည် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့အစည်းများထဲမှ မွန်လူမျိုးနှင့် မွန်ပြည်နယ်ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။

    လတ်တလော (MSFC) အနေဖြင့် စစ်ရှောင်ဒေသရှိ စာသင်ကျောင်းများ၊ စစ်ဘေးရှောင် အမျိုးသမီးနှင့် ကလေးများ၊ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks