spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသခံ ၂ ထောင်နီးပါး တိမ်းရှောင်နေရ

    တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသခံ ၂ ထောင်နီးပါး တိမ်းရှောင်နေရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အရှေ့ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး အရှေ့တောဒေသရှိ ဒေသခံ နှစ်ထောင်နီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ပ.က.ဖ တာဝန်ခံ ကိုရောင်နီက “အဓိကကတော့ ကျောက်မဲတောင်နဲ့ တောင်သုံးလုံးရွာတွေကတော့ အများဆုံးထွက်ပြေးကြတယ်ဗျ။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေရှိတယ်။ဒေသခံတွေကတော့ လေကြောင်းကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

    တိုက်ပွဲများကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ဝကုန်း၊ ပခပ်၊ သင်္ကန်းတုန်း၊ လိပ်ကြယ်ပြောင်၊ ဘဝပင်၊ သရက်ငုတ်၊ ရမ္မဇူ၊ ဟိန္ဒားနှင့် ပကာရီကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြသည်။

    ဆက်လက်ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအတွက် ရိက္ခာလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    “တောင်သုံးလုံးတို့ဘက်က ဒေသခံတွေကတော့ ရွာအနီးနားကိုပဲ စစ်ရှောင်ကြတာရှိတယ်။ ရာဂဏန်းကျော်လောက်တော့ရှိတယ်ဗျ။ အဓိကက ချက်ချင်း တိမ်းရှောင်ခဲ့ရတာဖြစ်တဲ့အတွက် ရိက္ခာအခက်အခဲတွေကတော့ရှိနေတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကလည်း ဆက်ရှိလာနိုင်တဲ့အတွက် ဒေသတွင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အသိပေးချက်တွေကို လိုက်နာဖို့တော့လိုတယ်” ဟု ၎င်းက ပြောသည်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း ထားဝယ်-ထီးခီးလမ်းမှ ထားဝယ် အရှေ့တောဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁၂ စီးခန့် ပျက်စီးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သေးသည်။

    ၎င်းပြင် မေတ္တာမြို့ရဲစခန်းနှင့် ဟိန္နူရွာ ရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။

    ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောက်မဲတောင် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူမှုမရှိသေးကြောင်း ပ.က.ဖ အဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks