spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းတို့ထံ စစ်မှုထမ်းသွားမည်ဟု  မွန်လူငယ်များ တုံ့ပြန်

    မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းတို့ထံ စစ်မှုထမ်းသွားမည်ဟု  မွန်လူငယ်များ တုံ့ပြန်

    -

    စစ်ကောင်စီထံ စစ်မှုထမ်းမည့်အစား မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းတို့ထံတွင်သာ စစ်မှုထမ်းသွားမည်ဟု မွန်လူငယ်တို့က တုန့်ပြန်ပြောဆိုလာသည်။

    စစ်ကောင်စီက နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့် ပြည်သူ့စစ်ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုပြဋ္ဌာန်းလိုက်ပြီးနောက် ပြည်သူလူထုများအကြား စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို လက်မခံနိုင်ကြောင်း မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းတို့တွင်သာ စစ်မှုထမ်းသွားမည်ဟု မွန်လူငယ်တို့က ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

    မော်လမြိုင်မြို့မှ မွန်လူငယ်တစ်ဦးက “ကျနော်အနေနဲ့က မဖြစ်မနေ သူတို့(စစ်ကောင်စီ) တပ်ထဲကိုသွားရမယ်ဆိုရင်တောင်မှ လုံးဝကို မဝင်နိုင်ပါဘူး။ သူတို့(စစ်ကောင်စီ) တပ်ထဲကို ဝင်မယ့်အစား ကျနော်တို့မိခင်ပါတီဖြစ်တဲ့ မွန်ပြည်သစ်ကိုပဲ ဝင်မှာပေါ့။ သူတို့လက်အောက်မှာ နေလာရတာလည်း ကြာခဲ့ပါပြီ၊ စစ်မတိုက်နိုင်ရင်တောင်မှ သူတို့လက်အောက်မှာ လုံးဝကို နေမှာမဟုတ်ဘူး။ သူတို့(စစ်ကောင်စီ) တွေဟာ ခေတ်အဆက်ဆက်က ကျနော်တို့ရဲ့ ရန်သူတွေဖြစ်တယ်။ အဲဒါကြောင့် သူတို့တပ်ထဲကို ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    စစ်မှုထမ်းဥပဒေအရ အရပ်ဘက် အမျိုးသားများသည် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်နှင့် အမျိုးသမီးသည် အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အသက်အရွယ်ရှိသူများ စစ်မှုထမ်းရမည်ဖြစ်သည်။ သာမန်လူအတွက် စစ်မှုထမ်းရမည့်အချိန်ကို ၂ နှစ်သတ်မှတ်ထားပြီး၊ ကျွမ်းကျင်အဆင့်ဆိုလျှင် နိုင်ငံအရေးပေါ် အခြေအနေအပေါ်မူတည်ပြီး ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

    ယင်းအခြေအနေကြောင့် လူငယ်များအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့တို့တွင် ဝင်သင့်၊ မဝင်သင့်ဆိုတာကို ဆုံးဖြတ်ချက်ချရတော့မည့်အချိန်ရောက်နေပြီဟု ရေးမြို့နယ်မှ မွန်လူငယ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီဥပဒေက လူငယ်အတွက် အနာဂတ်မဲ့သွားစေတယ်။ အဲဒါကြောင့် လူငယ်တွေကို ပြောချင်တာက ဒီလိုအချိန်အခါမျိုးမှာ တို့တွေ စဉ်စားရတော့မယ့် အချိန် ရောက်နေပါပြီ။ သူတို့ (စစ်ကောင်စီ) တပ်ထဲကို ဝင်မလား၊ လွတ်လပ်ရေးရဖို့ တော်လှန်းကာကွယ်ရေးတပ်ထဲကို ဝင်မလား၊ ဒီအချိန်က စဉ်စားရမယ့်အချိန်လည်း မဟုတ်တော့ဘူး။ ဆုံးဖြတ်ချက်ချရမယ့်အချိန် ရောက်နေပြီ။ မဖြစ်မနေ သူတို့တပ်ထဲကို ဝင်ရမယ်ဆိုရင်လည်း လုံးဝကို ဝင်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ရဲ့ အမျိုးသားကာကွယ်ရေးတပ်ထဲကိုပဲ ဝင်မှာပေါ့” ဟု ရေးမြို့မှ အမျိုးသမီးလူငယ်တစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီက စစ်ရှုံးနေသည့်အတွက် စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး လူငယ်များအတွက် အနာဂတ်မဲ့သွားသလို ခံစားရသည်ဟုလည်း သူမက ဆက်ပြောသည်။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းဥပဒေကိုတော့ မပြဋ္ဌာန်းရသေးပေ။

    နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အသက်ကြီးသည့်မိဘများကို ပြုစုစောင့်ရှောက်နေရသူများ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုသနေရသူများနှင့် ထောင်ကျနေသူများကိုတော့ တာဝန်ထမ်းဆောင်ရန် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ တာဝန်ထမ်းဆောင် စရာမလိုဘူးလို့လည်း ဆိုထားသည်။ စစ်မှုထမ်းရန် ငြင်းဆန်သူများကိုတော့ ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks