spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံအတွင်းဝင်ရောက်မည့်သူတို့ ဘုရားသုံးဆူမြို့နေရာအနှံ့တွင် သောင်တင်နေ

    ထိုင်းနိုင်ငံအတွင်းဝင်ရောက်မည့်သူတို့ ဘုရားသုံးဆူမြို့နေရာအနှံ့တွင် သောင်တင်နေ

    -

    ထိုင်းနိုင်ငံနယ်စပ်ဂိတ် ထွက်ပေါက်တို့ကို စစ်ဆေးမှုပိုမိုတင်းကြပ်ထားခြင်းကြောင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မည့်မြန်မာနိုင်ငံသားများ ဘုရားသုံးဆူမြို့နေရာအနှံ့တွင် သောင်တင်လျှက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားအများစု ရရာနည်းလမ်းဖြင့် ထိုင်းငံအတွင်းသို့ဝင်ရောက်လာကြောင်း ဘုရားသုံးဆူမြို့ခံတို့ထံမှ သိရသည်။

    ထို့ကြောင့် ထိုင်းအာဏာပိုင်တို့မှ တရားမဝင်ရောက်သူတို့ကို ဥပဒေအရ အရေးယူမည်ဟု အသိပေးပြောဆိုလာခြင်းကြောင့် ဘုရားသုံးဆူမြို့တွင်းရှိ တည်းခိုဆောင်၊ စာသင်ကျောင်းနှင့် နယ်စပ်တောလမ်းတစ်လျှောက်တွင် တရားမဝင်ဝင်ရောက်မည့်သူတို့ သောင်တင်လျှက်ရှိကြောင်း သိရသည်။

    "ဘုရားသုံးဆူကနေ ထိုင်းကိုတက်မဲ့လူတွေက ဒီတလော ရာနဲ့ချီရှိနေတယ်လေ၊ ဟိုဘက်ကို ဝင်ဖို့လည်းမလွယ်နေတော့ ဘုရားသုံးဆူမှာ နေနေရတယ်၊ တည်းခိုခန်းတွေလည်း မအားတော့ဘူး၊ ဘုန်းကြီးကျောင်းမှာရော ဂျပန်ရေတွင်းဘက်က ခြံတွေမှာရော နေနေရတယ်ပေါ့"ဟုဆိုသည်။

    ဘုရားသုံးဆူမြို့အနှံ့တည်ရှိနေသည့် ခရီးသွားအများစုတို့သည် ပွဲစားမှတစ်ဆင့် ဝင်ရောက်လာကြပြီး ရက်ရှည်ကြာလာသည်နှင့်အမျှ စားသောက်ရေးနှင့် နေရာထိုင်ခင်းအတွက် ခက်ခဲလာကြောင်းလည်း ဆိုသည်။

    စစ်မှုထမ်းဥပဒေ ထုတ်ပြန်ထားသည့်အချိန်မှစပြီး ဘုရားသုံးဆူမြို့တွင် အသက်အလတ်ပိုင်း လူငယ်လူရွယ်အပါအဝင် လက်လုပ်လက်စား ပြည်သူတို့ တစ်ရက်လျှင် ရာနှင့်ချီ ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် နေ့စဉ်ရောက်ရှိနေကြောင်း ဘုရားသုံးဆူမြို့ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    “ဒီတလောမြန်မာဘက် တက်လာတဲ့ လူတွေမနည်းဘူး တစ်ရက်ကို ၁၀၀ ကျော်လောက်ရှိတယ်။တစ်ရက်ကို ၁၀ ယောက်ပဲ ထိုင်းဘက်ကိုခိုးသွင်းလို့ရတော့ ဝင်ချင်တဲ့သူတွေ စောင့်ရမှာပေါ့" ဟု ဆိုသည်။

    ထိုင်းနိုင်ငံအတွင်း သို့ဝင်ရောက်လိုသူတို့သည် ယခင်က ပွဲစားကြေး မြန်မာငွေ ၁၀ သိန်းကျော် ပေသွင်းရသော်လည်း လက်ရှိတွင် သိန်း ၄၀ ဝန်းကျင်အထိ ပေးသွင်းနေရကြောင်း သိ ရသည်။

    လက်ရှိတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု များပြားလာသကဲ့သို့ အခြားပြည်ပသို့ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတို့လည်း များပြားလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks