spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရခိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီ ရာထူးအကြီးပိုင်းများကို အရှင်ဖမ်းမိထားဟု AA ထုတ်ပြန်

    ရခိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီ ရာထူးအကြီးပိုင်းများကို အရှင်ဖမ်းမိထားဟု AA ထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄။

    ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ဗျူဟာမှူးများကို အရှင်ဖမ်းဆီးရမိထားသလို ရာထူးအကြီးပိုင်းအချို့လည်း သေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

    တိုက်ပွဲများအတွင်း ကျောက်တော်၊ စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ညီညီဝင်းကို အရှင်ဖမ်းမိထားပြီး ဆေးကုသမှုပေးထားကြောင်း သိရသည်။

    ၎င်းကို အခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေသော်လည်း ဆေးကုသမှုပေးခဲ့သောကြောင့် ပြန်လည်ကောင်းမွန်ပြီဟု AA က အသိပေးထုတ်ပြန်ထားသည်။

    ထို့ပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးမိခဲ့သေးသည်။

    ဖေဖော်ဝါရီလ (၇) ရက်နေ့ မြောက်ဦး ခမရ (၃၇၇) ကိုသိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေဖမ်းဆီးရမိခဲ့ဟု AA က ဆိုသည်။

    အလားတူ ပလက်ဝဒေသကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပြီးစကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကို အတည်ပြု၍ မရနိုင်သေးကြောင်း AA မှ ထုတ်ပြန်ထားသည်။

    သုံးလကျော်ကာလအတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

    ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကိုသာမက ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

    တိုက်ပွဲအတွင်း လက်နက်ချအညံ့မခံသော စစ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်နေပြီး လက်နက်အပ်ရန်လည်း ထုတ်ပြန်သတိပေးထားသည်။

    လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ AA မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်ဟု ထုတ်ပြန်အသိပေးသည်။

    စစ်သုံ့ပန်းများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဒဏ်ရာရရှိသူများအားလည်း ဆေးကုသမှုပေးထားကြောင်း AA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    May be an image of 3 people, submarine and text

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks