spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်အချို့ အာဏာသိမ်းစစ်တပ်ကို ဦးဆောင်တိုက်ခိုက်သွားမည်

    မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်အချို့ အာဏာသိမ်းစစ်တပ်ကို ဦးဆောင်တိုက်ခိုက်သွားမည်

    -

    လွပ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၄ ။

    ၁၁ ကြိမ်မြောက် ပါတီညီလာခံ ဆုံးဖြတ်ချက်ကို လက်မခံသည့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါတီမှခွဲထွက်ပြီး အာဏာသိမ်းစစ်တပ်ကို ဦးဆောင်တိုက်ခိုက်သွားမည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် မွန်၊ဗမာ နှစ်ဘာသာဖြင့် ထုတ်ပြန်ကြေညာထားသည်။

    အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းကို ရပ်တန့်ရန် ၁၁ ကြိမ်မြောက်ညီလာခံတွင် ဆွေးနွေးခဲ့သော်လည်း ပါတီမှ နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်( Bilateral ceasefire Agreement) အတိုင်း ရပ်တည်သွားရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် မိမိတို့ဘာသာ အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အင်အားစုမှ ဒုအဖွဲ့ခေါင်းဆောင်-၁ နိုင်ဗညားလယ်က ဆိုသည်။

    “အဓိက နိုင်ငံရေးဆွေးနွေးပွဲကနေတစ်ဆင့်ပဲ တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ် ( Bilateral ) ကျတော့ နိုင်ငံရေးဆွေးနွေးမှုအပိုင်းတွေမပါတော့ဘူး မိတ်ဆွေမပြတ်ပစ်ခတ်ရပ်စဲရေးကိုထိန်းပြီးတော့ ဆက်ဆံသွားမဲ့အနေအထားဖြစ်နေတော့ ငြိမ်းချမ်းရေးကိုလုံးဝရနိုင်လိမ့်မယ်လို့တော့ မမြင်ဘူး အဲတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စကစ ကိုတော်လှန်ဖို့ ပါတီခေါင်းဆောင်တွေ တပ်မှုးတပ်ဗိုလ်တွေစုပြီးတော့ ဒီလိုမျိုးစီစဉ်ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု ဆိုသည်။

    ၎င်းအပြင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိရန် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

    “ အဓိကစစ်အာဏာရှင်ကိုတိုက်ဖျက်မဲ့နေရာမှာ ကျနော်တို့အဖွဲ့အစည်းတစ်ခုတည်းအနေတော့ တိုက်လို့မရဘူး နီးစပ်ရာတော်လှန်ရေးအင်အားစုတွေ တိုင်ရင်းသားတော်လှန်ရေးအင်အားစုအဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံရေးအရသော်လည်ကောင်း စစ်ရေးအရသော်လည်ကောင်း ပူးပေါင်းသွားစီစဉ်ထားပါတယ်” ဟု ဆိုသည်။

    ထို့ကြောင့် မွန်ဒေသအတွင်း တိုက်ပွဲအရှိန်မြင့်တက်လာနိုင်သည့်အတွက် မွန်ပြည်သူလူထုတို့၏ လုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာတို့ကိုလည်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ဗညားလယ်က ဆက်ပြောသည်။

    လက်ရှိတွင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသည့် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊ တပ်မှုး၊ အကြပ်တပ်သားရဲဘော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရာတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်စာဖော်ပြချက်အရ သိရသည်။

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် မွန်ပြည်သူတစ်ရပ်လုံး၊ ပြည်တွင်းပြည်ပ မွန်အဖွဲ့အစည်းအပါအဝင် မွန်သံဃာတော်နဲ့ မွန်လူငယ်တို့အနေဖြင့် လူအင်အားနှင့်သော်လည်းကောင်း စိတ်ဓါတ်အင်အားနှင့်သော်လည်းကောင်း ကူညီပံ့ပိုးပေးရန်လည်း မွန်ပြည်သစ်ပါတီမှ စစ်အာဏာရှင် တိုက်ဖျက်ရေးအင်အားစုမှ တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks