spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ကားဝင်းက ပြည့်တန်ဆာလုပ်ငန်းကို စစ်ကောင်စီဝင်ဖမ်း အမျိုးသမီး ၈ ဦး ဖမ်းဆီးခံရ

    မော်လမြိုင်ကားဝင်းက ပြည့်တန်ဆာလုပ်ငန်းကို စစ်ကောင်စီဝင်ဖမ်း အမျိုးသမီး ၈ ဦး ဖမ်းဆီးခံရ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖေါ်ဝါရီ ၅၊ ၂၀၂၄။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ လှိုင်အဝေးပြေးကားဝင်းအတွင်းက ပြည့်တန်ဆာလုပ်ငန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ဖမ်းပြီး အမျိုးသမီး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

    ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက လှိုင်အဝေးပြေးကားဝင်းအတွင်းရှိ Smile Girl စားသောက်ဆိုင်တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တို့က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် အမျိုးသမီးနှင့် အမျိုးသမီးဝန်ထမ်း ၇ ဦးတို့ကို ဖမ်းဆီးသွားခဲ့သည်။

    လက်ရှိတွင် Smile Girl စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းရှိန်နှင့် အမျိုးသမီး ၇ ဦးကို မြို့မရဲစခန်းတွင် (ပ) ၁၃/၂၀၂၄၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ – ၈ (က)/ ၅ (၁)/ ၃ (က) / ၈ (က) / ၇ (၁) (ဂ) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    မော်လမြိုင်မြို့ပေါ်တွင် ယခုကဲ့သို့ စားသောက်ဆိုင်၊ KTV ဖွင့်ပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့်ဆိုင်အများအပြားရှိသော်လည်း ယခုလိုဝင်ရောက်ဖမ်းဆီးတာ မရှိသလောက်နည်းပါးကြောင်း မြို့ခံတို့က ပြောသည်။

    “မော်လမြိုင်မှာက အဲလို ပြည့်တန်ဆာလုပ်နေတဲ့ ဆိုင်တွေက အများကြီးပါ။ သက်ဆိုင်ရာကို ပိုက်ဆံပေးထားပြီးကို လုပ်နေကြတာ အခု ဖမ်းခံရတဲ့ဆိုင်ကလည်း အဲလိုပါပဲ။ ဒီတစ်ဆိုင်ကိုပဲ ကွက်ပြီးဖမ်းတယ်ဆိုတော့ တခုခုတော့ရှိမှာပေါ့” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    မော်လမြိုင်တွင် လိုင်းကြေးပေးပြီး KTV နှင့် စားသောက်ဆိုင်တို့တွင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာသည့်အပြင် ကြက်ဝိုင်း၊ ဖဲဝိုင်းအစရှိသည့် လောင်းကစားလုပ်ငန်းလည်း တွင်ကျယ်လာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks