spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပုလောရှိ ကျေးရွာ၂ ရွာမှ သံဃာအချို့ကို စစ်ကောင်စီဖမ်းဆီးသွား

    ပုလောရှိ ကျေးရွာ၂ ရွာမှ သံဃာအချို့ကို စစ်ကောင်စီဖမ်းဆီးသွား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၄။

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှ ဘုန်းတော်ကြီး ၇ ပါးနှင့် ကပိယ တစ်ဦးကို စစ်ကောင်စီက စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလောမြို့နယ် နန်းပရုပ် ကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီးနောက် နန်းပရုပ် ဘုန်းတော်ကြီးကျောင်းမှ သံဃာ ၆ ပါးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

    ထိုမှတဆင့် စစ်ကောင်စီစစ်ကြောင်းသည် ၅ မိုင်ကျေးရွာသို့ရောက်ရှိခဲ့ပြီး ၅ မိုင် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် ကပိယကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “အဲဒီဘုန်းကြီးကျောင်းက အရင်က သူတို့ဝင်နားပြီး စားသောက်နေတဲ့ ဘုန်းကြီးကျောင်းပါ။ အခုက ဘာလို့ဖမ်းသွားလဲမသိဘူး။ ဘုန်းကြီးကျောင်းမှာ သံဃာ ၇ ပါးလောက်တော့ရှိတယ်။ ကျောင်းထိုင်နဲ့ ကပိယကိုပဲ ခေါ်သွားတာ။ သူတို့ တပ်ထဲကိုပဲ ခေါ်သွားတာ။ ဒီနေ့ထိ မလွတ်သေးဘူး” ဟု ၎င်းဒေသခံက ဆိုသည်။

    စစ်ကောင်စီ ဖမ်းဆီးသွားသော ဘုန်းတော်ကြီးများကို ပုလောမြို့အခြေစိုက် ခမရ ၂၈၅ သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ပုလောမြို့နယ်အတွင်းက ငါးမိုင်ကျေးရွာ၊ ဘန်လောကျေးရွာအုပ်စုနှင့် အနီးနားရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား ပစ်ခတ်မှုအနည်းငယ်ရှိခဲ့သော်လည်း တိုက်ပွဲ ကြီးကြီးမားမားမရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    စစ်ကောင်စီစစ်ကြောင်းမှ ဘုန်းတော်ကြီး ၇ ပါးနှင့် ကပိယ တစ်ဦးကို ဖမ်းဆီးသွားကြောင်း ပုလောစစ်ကြောင်း ၁ မှ လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြု ဖြေဆိုထားသည်။

    စစ်ကောင်စီက အဆိုပါသတင်းသည် သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း လက်အောက်ခံမီဒီယာများနှင့် နိုင်ငံပိုင် MRTV မှ ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks