spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၁၂ လုံး ပျက်စီး

    သထုံခရိုင်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၁၂ လုံး ပျက်စီး

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၄။

    မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်း စစ်ကောင်စီ အမြှောက်တပ် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

    သထုံမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ ညက စစ်ကောင်စီ အမြှောက်တပ် ၄၀၂ တပ်ရင်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ညာဓဝယ်ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့သည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၄၂ နှစ်ရှိ နော်မလှဘောင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လည်ကလည်း ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီ အမြှောက်တပ် ၃၁၄ တပ်ရင်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဒေသအခေါ် နို့ဖားဂေါ်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေတဲအိမ် ၂၊ ရာဘာခြံ ၄ ခြံနှင့် ကောက်ရိုးပုံ ၁ ပုံ မီးလောင်ပြာကျသွားခဲ့သည်ဟု KNU က ဆိုထားသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်၊ ဇန်နဝါရီလ ၃ ရက်နှင့် ဖေဖော်ဝါရီလ ၁၊ ၂ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ရွာနှင့် အနီးတဝိုက်ရှိ အရပ်သားနေထိုင်ရာ နေရာများသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်းလည်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးသာမက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်ခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု KNU က ထုတ်ပြန်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks