spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ပြင်ပရှိ မြို့နယ်များ မွန်အမျိုးသားနေ့ကို ဒေသလုံခြုံရေးအပေါ်မူတည်ပြီး ကျင်းပသွားမည်

    မွန်ပြည်နယ်ပြင်ပရှိ မြို့နယ်များ မွန်အမျိုးသားနေ့ကို ဒေသလုံခြုံရေးအပေါ်မူတည်ပြီး ကျင်းပသွားမည်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄။

    မွန်ပြည်နယ်ပြင်ပရှိ မြို့နယ်များ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဒေသလုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ကျင်းပရေးကော်မတီ တာဝန်ရှိသူတို့က ဆိုသည်။

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် မြို့နယ်အဆင့် မွန်အမျိုးသားနေ့ကို လွပ်လွပ်လပ်လပ်ကျင်းပရန် လျာထားသော်လည်း ဒေသအခြေအနေအပေါ်မူတည်နေခြင်းကြောင့် ကျင်းပမည့်ပုံစံ အတည်တကျ မပြောဆိုနိုင်သေးကြောင်း ကော့ကရိတ်မြို့နယ် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “လတ်တလောအခြေအနေမှာ ကျနော်တို့ဘက်က အေးချမ်းနေတယ်လို့ ပြောလို့ရတယ်။ လုပ်မယ်ဆိုရင်လည်း လုပ်လို့အဆင်ပြေတယ်ပေါ့၊ အခမ်းနားအစီစဉ်လည်း အရင်တိုင်းပဲ၊ ဒါပေမဲ့ ဒီတပို့တွဲလမှာ အခြေအနေဘယ်လိုရှိမလဲမပြောနိုင်ဘူးလေ။ ကော့ကရိတ်မြို့နယ်ကို အမဲရောင်နယ်မြေလို သတ်မှတ်ထားတော့ သူတို့တွေ(စစ်ကောင်စီတပ်)တွေ အချိန်မရွေးဝင်လာနိုင်တော့ တိုက်ပွဲလည်းဖြစ်လာနိုင်တယ်လေ” ဟု ဆိုသည်။

    ကော့ကရိတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး နေအိမ်မီးလောင်မှုနှင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထို့အတူ ယခုနှစ် မွန်အမျိုးသားနေ့အခမ်းအနားကို စစ်ကောင်စီတပ်စခန်းနှင့် ဝေးသည့် ကျေးရွာတို့တွင်သာ လွပ်လွပ်လပ်ကျင်းပနိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် မွန်အမျိုးသားနေ့ကျင်းပရေးအဖွဲ့မှ လူငယ်တစ်ဦးက ဆိုသည်။

    “ကျနော်တို့ရွာက ကျွန်းလိုဖြစ်နေတော့ သိပ်တော့မစိုးရိမ်မရပေမဲ့ အကယ်လို့ ကားလမ်းမကြီးပေါ်မှာရှိတဲ့ ရာဖူး၊ ကျောက်တလင်းရွာတွေမှာဆိုရင် စိတ်လွတ်ကိုယ်လွတ်တော့ မလုပ်ရဲကြဘူး။ ကျနော်တို့ရွာက နည်းနည်းလှမ်းတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်” ဟု ဆိုသည်။

    ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ဒေသအခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေစွာ ကျင်းပနိုင်ရန် မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီ(ဗဟို)နှင့် ဆက်သွယ်ပူးပေါင်းရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီက နှိုးဆော်ထုတ်ပြန်ထားသည်။

    မြို့နယ်၊ ကျေးရွာ စသည့် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီအဆင့်ဆင့်ကြား မွန်အမျိုးသားနေ့ ကျင်းပရေးဆိုင်ရာ လုပ်ငန်းစဉ်တို့ကို တညီတညွှတ်တည်း ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ချင့်ချိန်ကျင်းပသွားရန် သက်ဆိုင်သည့် အစုအဖွဲ့ အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဦးဆောင်တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း ဗဟိုကော်မတီက ထုတ်ပြန်ထားကြောင်း သိရသည်။

    ယခုနှစ် ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအဆင့်အခမ်းအနားကို ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုက်သင့်သလောက် ကျင်းပသွားရန်လျာထားကြောင်း သိရသည်။

    May be an image of 3 people and text

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks