spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းကာကွယ်ရေးအင်အားလိုအပ်မှုကြောင့်စစ်မှုထမ်းဥပဒေဖော်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

    ကာကွယ်ရေးအင်အားလိုအပ်မှုကြောင့်စစ်မှုထမ်းဥပဒေဖော်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၂၊၂၀၂၄။

    တပ်မတော်တွင် ကာကွယ်ရေးအင်အားလိုအပ်မှုကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ဖော်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

    မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများအရ ပြည်သူများအားလုံး စစ်မှုထမ်းရေး မဖြစ်မနေစကျင့်သုံးရန်လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာမှတစ်ဆင့် ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရဟောင်း သန်းရွှေ ရေးဆွဲထားသည့် “ပြည်သူ့ စစ်မှုထမ်းဥပဒေ”ကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က စတင်ပြီး အသက်ဝင်ကြောင်း ကြေညာခဲ့သည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုလျှင် အသက် ၁၈ နှင့် ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှင့် ၂၇ နှစ်အတွင်းအရွယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်မှုထမ်းဥပဒေကို တစ်နစ်တကျနဲ့ ရာအိမ်မှူးတွေ၊ဆယ်အိမ်မှူးတွေကတစ်ဆင့် စာရင်းကောက် နောက်ပြီးသူတို့ရဲ့မိသားစုအခြေအနေတွေကို လေ့လာပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ ရွေးချယ်မှုတွေလုပ်တဲ့စနစ်ဆိုရင်တော့ တစ်စုံတစ်ရာတော့အဆင်ပြေနိုင်တယ်။ဒါပေမယ့်လမ်းကနေ ဒီလိုဆွဲခေါ်သွားတဲ့ အခါကျတော့အခုက တပြည်လုံးက လူငယ်တွေကို ပေါ်တာဆွဲမယ့်သဘော၊ သူတို့ကိုလူသားဒိုင်းအဖြစ် စစ်မျက်နှာမှာအသုံးချမယ့်သဘော ဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

    ဖေဖော်ဝါရီ ၁၁ ရက်နေ့ကပင် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှခရီးသွားပြည်သူ ၇၀ နီးပါးကိုစစ်ကောင်စီက မုံရွာချင်းတွင်းတံတားထိပ်ရွှေတောင်ဦးမှ ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    “ဒီလိုထုတ်ပြန်တဲ့နေ့မှာပဲ စစ်ကောင်စီက မုံရွာ-မန္တလေးကားလမ်းက ကျေးရွာမှာ သွားလာနေတဲ့ ဆိုင်ကယ်နဲ့ခရီးသွားပြည်သူတွေ၊ ခရီးသွားယာဉ်ကလူငယ်တွေကို ဖမ်းဆီးသွားတာရှိပါတယ်။ ဖမ်းထားတဲ့လူတွေကို ကားအနီရောင်နဲ့ နမခထဲမောင်းခေါ်သွားတယ်။ ကားဒရိုင်ဘာကိုတော့ ပြန်လွှတ်လိုက်တယ်” ဟု အဆိုပါဒေသခံတို့က ပြောပြသည်။

    စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် နိုင်ငံအတွင်းရှိလူငယ်များ ပုံစံအမျိုးမျိုးဖြင့် နိုင်ငံကို စွန့်ခွာလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

    “စစ်ကောင်စီဆိုတာက ဥပဒေလို့ပြောနေပေမယ့် သူလုပ်ချင်သလိုလုပ်နေတာပဲ။ အဲဒီတော့ အခုပြောနေကြတဲ့ အသက်အရွယ်အပိုင်းအခြားတွေဆိုတာကို ဂရုစိုက်နေမှာမဟုတ်ဘူး။ အဲဒီလို လုပ်ရပ်ကြောင့် ဒါလူငယ်တွေက နိုင်ငံခြားထွက်လာနိုင်တယ်။ နောက်ပြီး နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းလောက်နယ်မြေမှာက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရှိနေတော့ အဲဒီဒေသတွေက လူငယ်တွေကတော့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ ပူးပေါင်းသွားနိုင်တယ်။ ဒါက စစ်ကောင်စီအတွက် အားနည်းချက်ဖြစ်သွားတယ်။ တစ်ဘက်မှာတော့ ဒီဥပဒေတွေကို သူတို့ရဲ့မြို့တွေမှာ အဓိက ဖော်ဆောင်လာလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို ဆက်လက်ထုတ်ပြန်မည်ဟု ပြောဆိုထားသည်။

    စစ်မှုထမ်းဥပဒေမတိုင်ခင်ကတည်းက စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အသစ်များကိုမဲနှိုက်ရွေးချယ်ခြင်း၊ အတင်းအဓမ္မခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts