spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်ပြီး မီးရှို့

    ကျိုက်မရောတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်ပြီး မီးရှို့

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မရမ်းကုန်းကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ချောင်းနှစ်ခွကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် ရွာအပြင်ဘက်တွင် ဆိတ်ကျောင်းနေသူသည့် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သည်။

    ယင်းနောက် စစ်ကောင်စီတပ်တို့က အဆိုပါ အမျိုးသားကို ၎င်းနှင့်အတူပါလာသည့် သုံးဘီးဆိုင်ကယ်ကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ပင် ချောင်းနှစ်ခွကျေးရွာအနီး စပါးရိတ်သိမ်းနေသည့်ဒေသခံများကို စစ်ကောင်စီတပ်တို့မှ သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး စပါးရိတ်နေသူများ ထွက်ပြေးခဲ့ရသေးကြောင်းလည်း သိရသည်။

    ချောင်းနှစ်ခွကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် ကျေးရွာအတွင်းရှိနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ယူနေဆောင်နေသည့်အပြင် နေအိမ်များ လိုက်လံမီးရှို့နေသည်လည်း ရှိသည်။

    ၎င်းပြင် ကျေးရွာအတွင်း ပြန်လာသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်နေသည့်အပြင် ကျေးရွာအတွင်း ဝင်ခွင့်မပေးသည့်အတွက် ၃ လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ နေရပ်မပြန်နိုင်ပဲဖြစ်နေသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် တံတားဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခံရာမှ ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

    တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပြင် အနီးနားရှိ လှကဇိုင်း၊ ကော့ဒူး၊ ကော့ပနော၊ မယ်တရို၊ တောင်ကလေးအပါအဝင်ကျေး ရွာပေါင်း ၂၀ ရွာထက်မနည်းက ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိတွင် ဒေသတွင်း တိုက်ပွဲငြိမ်သက်နေသည့်အတွက် ကျေးရွာအချို့ကဒေသခံများ နေရပ်ပြန်လာကြသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားသည့် ချောင်းနှစ်ခွကျေးရွာနှင့် အနီးနားကျေးရွာအချို့တို့မှ ဒေသခံများ နေရပ်မပြန်နိုင်သေးပေ။

    May be an image of temple and text that says "ကျိုက်မရောမြို့ မှ ကြိုဆိုပါ၏"

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks