spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ နေအိမ် ၁၀ လုံးကျော် ထပ်မံမီးလောင်ပြာကျ

    လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ နေအိမ် ၁၀ လုံးကျော် ထပ်မံမီးလောင်ပြာကျ

    -

    ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆၊ ၂၇ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက်အသီးသီးတွင် နေအိမ် ၁၀ လုံးကျော်မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတို့ထံမှသိရသည်။

    ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးအပြင် စစ်ကောင်စီတပ်မှ လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်မှုကြောင့် ချောင်းတောင်ရပ်ကွက် ၊တံတားဦးရပ်ကွက်တို့တွင် စာသင်ကျောင်းအပါအဝင် ပြည်သူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

    “ဇန်နဝါရီ ၂၆ မနက် ၈နာရီခွဲ လေယာဉ်တက်လာပြီး လေယာဉ် အပေါ်ကနေ စက်သေနတ်နဲ့တရစပ် ပစ်ခတ်ခဲ့တယ်။ ကျတာကတော့ ကော့ကရိတ်မြို့အတွင်း မြို့ပတ်ပတ်လည်မှာ ကျတယ် နေအိမ်တွေလည်း မီးလောင်တာတွေရှိတယ်ပေါ့”ဟု မြို့ခံကဆိုသည်။

    ကော့ကရိတ်မြို့တွင်း နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်နေမှုကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်မီးလောင်မှုကို ငြိမ်းသတ်မည့်သူ မရှိကြောင်း သိရသည်။

    ကျုံဒိုးဒေသခံတစ်ဦးက “မနေ့ည(ဇန်နဝါရီ ၂၆) ၈ နာရီလောက်က လက်နက်ကြီး အဆက်မပြတ်ရမ်းသမ်းထုတယ် အသံတွေက ကြောက်စရာကောင်တယ် ထွက်သံ ကျကွဲအသံက အစ ကြားနေရတယ် အဲအချိန်မှာ ကျင်းပုန်းထဲရောက်နေပြီး ဒီနေ့လည်း တနေ့လုံးနီးပါးအသံတွေကြားနေရတယ်”ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ အမှတ် ၅ရပ်ကွက်တွင် နေအိမ် ၅၀ကျော် မီးလောင်ပျက်စီးခဲ့ပြီးနောက်ပိုင်း ဘေးလွတ်ရာကို တိမ်းရှောင်နေသည့် ပြည်သူတချို့ မြို့တွင်းရှိ နေအိမ်ကို စိတ်မချလာကြောင်း စစ်ဘေးရှောင်ပြည်သူများပြောကြားချက်အရ သိရသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ခံပြည်သူများနှင့် ဒေသခံပြည်သူ ၃၀၀၀၀ သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်ပေးနေသူများမှ သိရသည်။

    ကော့ကရိတ်ခရိုင်အတွင်း ၂၀၂၄ နှစ်ဦးပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး နေအိမ်မီးလောင်ခြင်း၊ လူသားဒိုင်းကာပြီး စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူခြင်းများ လုပ်ဆောင်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ကျားဖြူစစ်ကြာင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

    နေအိမ်မီးလောင်မှုနှင့် ပတ်သတ်ပြီး စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကော့ကရိတ်ဒေသခံများအနေဖြင့် လုံခြုံဘေးကင်းသည့်နေရာတွင် ရွေ့ပြောင်းနေထိုင်ကြရန်လည်း ကျားဖြူစစ်ကြောင်းမှ ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks