မွန်ပြည်နယ်၊ ရေးမြို့ တံတားကြီးစစ်ဆေးရေးဂိတ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွဦးခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေသည့် ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ဒေါနစစ်ကြောင်း စနိုက်ပါတပ်စုက ဇန်နဝါရီလ ၂၇ ရက်နေ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံတားဂိတ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း လူနာတင်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ရေးတံတားကြီးစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ ပြည်သူများအား အကြိမ်ကြိမ်ဒုက္ခပေး၊ အနိုင်ကျင့်နေသည့်အတွက် တော်လှန်ရေးအင်အားစုက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန် ပြောဆိုထားသည်။
ရေးတံတားကြီးစစ်ဆေးရေးဂိတ် စနိုက်ပါနှင့် တိုက်ခိုက်ခဲ့မှုအတွင်း အခြားထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ထိခိုက်သေဆုံးသူများ၏ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ရေးမြို့နယ်တောင်ပိုင်းဒေသတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေါနစစ်ကြောင်းသည် အခြားတော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ဂိတ်တွေကို ဆက်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ရေး-သံဖြုဇရပ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ ကြိုးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ပိုက်သိမ်းပိုက်ခဲ့သည်။
