spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းအာဏာရှင်ချုပ်ငြိမ်းရေး ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲမည်ဟု PNLO ထုတ်ပြန်

    အာဏာရှင်ချုပ်ငြိမ်းရေး ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲမည်ဟု PNLO ထုတ်ပြန်

    -

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုအားတောင်းတလျှက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွာမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည်။

    လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခသည် လူမျိုးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံတိုင်းရင်းသား လူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော လက်နက်စွဲကိုင်ပြီး တော်လှန်မှုများကို မိမိတို့ PNLO အနေဖြင့် ပါဝင်ခြင်း မရှိဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့ကြောင်း ဆိုသည်။

    သို့သော်လည်း စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် ၈ နှစ်တိုင်တိုင် မျှော်လင့်ချက်ကြီးစွာ လုပ်ဆောင်ခဲ့သော်လည်း အာမခံချက်ရှိသော နိုင်ငံရေးရလဒ်များ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့နောက် ၂၀၂၄ ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ပိတ်ဆို့ဟန့်တားမှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

    ၎င်းပြင် ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီသည် PNLO ဌာနချုပ်အနီးရှိ နော်ထော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုများ ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ထွန်းတင်က “အကြောက်တရားနှင့် အကြပ်ကိုင်ပြီး လေယာဉ်နှင့် အဆမတန် ပြည်သူရဲ့အသက်အိုအိမ်ကို ဗုံးကြဲချတာတွေရှိတယ်။ လက်ရှိပအိုဝ်းဒေသအခြေအနေကတော့ မြို့ရွာအပေါ် ပြည်သူတို့ရဲ့‌နေအိမ်များကို စစ်တပ်ရဲ့ အဆမတန်ဗုံးကြဲခြင်း လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့်  စစ်ဘေးရှောင်ဦးရေ များလာတယ် ဒီအတွက်တော့ စိတ်မကောင်းဘူး ပြည်သူ့ဘဝကိုအာမခံပေးနိုင်မည့်စနစ်ကောင်းတခုရဖို့အတွက် မလွဲသာ မရှောင်သာ လူတိုင်းက မတူညီတဲ့ပေးဆပ်မှုတော့ ရှိရမှာပါ” ဟု ပြောသည်။

    စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအောက်တွင် ရပ်တည်နေသော ပအိုဝ်းပြည်သူ့စစ်အနေဖြင့်လည်း အမျိုးသားရေးလမ်းကြောင်းပေါ်သို့ကူးပြောင်းရပ်တည်ရန် PNLO က တိုက်တွန်းထားသည်။

    စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားဝါဒကို တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည့်နိုင်ငံရေးဦးတည်ချက်များအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောသည်။

    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆီဆိုင်မြို့ကို တိုက်ခိုက်ပြီး ထိန်းချုပ်လျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks