spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် ဆက်လက်မီးရှို့နေ

    ချောင်းနှစ်ခွကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ် ဆက်လက်မီးရှို့နေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့နေကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ချောင်းနှစ်ခွကျေးရွာနယ်မြေရဲစခန်းရှိသည့် မြသီတာရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဆိုသည်။

    ရဲစခန်းအနီးတဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်မလာနိုင်အောင် စစ်ကောင်စီတပ်တို့က နေအိမ်တွေကို ယခုလို လိုက်လံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “တိုက်ပွဲတွေဖြစ်တုန်းက ချောင်းနှစ်ခွရွာထဲကအိမ်တွေ လက်နက်ကြီးကျလို့ရော၊ လေယာဉ်နဲ့ ဗုံးလာကျဲလို့ရော မီးလောင်ပျက်စီးကုန်တယ်။ အခုလည်း ရွာအထက်ပိုင်း ရဲစခန်းအနီးပတ်ဝန်းကျင်ကအိမ်တွေကို စစ်တပ်က မီးထပ်ရှို့နေတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ၎င်းပြင် ချောင်းနှစ်ခွကျေးရွာနှင့် အနီးပတ်ဝန်းကျင်က ကျေးရွာရှိ နေအိမ်များရှိ စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆိုင်ကယ်များ ယူဆောင်သွားသည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုရှိခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတို့က ပြောသည်။

    ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားလုံခြုံရေးဂိတ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ဒေသတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲများကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်တို့က နေရပ်စွန့်ခွာပြီး ထွက်ပြးတိမ်းရှောင်နေခဲ့ရကြရသည်။

    တိုက်ပွဲကာလအတွင်း ချောင်းနှစ်ကျေးရွာ၊ တောင်ကလေးကျေးရွာ၊ လှကဇိုင်းကျေးရွာ၊ မယ်တရိုကျေးရွာ အစရှိသည့် ကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်တို့က ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆိုင်ကယ်များအစရှိသည်တို့ကို လုယက်ယူဆောင်သွားကြကြောင်း ဒေသခံတို့က ဆိုသည်။

    ချောင်းနှစ်ခွဒေသကို စစ်ကောင်စီတပ်တို့က ဒီဇင်ဘာလကုန်ပိုင်းခန့်က ပြန်လည်ထိန်းချုပ်ထားခဲ့ပြီးနောက် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က နေအိမ်မီးရှို့တာ၊ နေအိမ်ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သည့်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

    ကျေးရွာသို့ ပြန်လာနေကြသည့် ဒေသခံပြည်သူများကိုလည်း စစ်ကေင်စီတပ်တို့က ဖမ်းဆီးရိုက်နှက်စစ်ဆေးနေသည့်အပြင် ငွေကြေးတောင်းခံမှုများလည်း ရှိနေသည့်အတွက် ဒေသခံများ နေရပ်ပြန်ရန် အခက်အခဲကြုံတွေ့နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks