spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၁၇ ကျော် ဖမ်းဆီးရမိ

    သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၁၇ ကျော် ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာအနီး ရော်ဘာခြံတွင် ရိုဟင်ဂျာလူမျိုး ၁၁၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအနီးတွင် ရိုဟင်ဂျာလူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာတို့မှ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာမှ ဝါခရူကျေးရွာအနီးတွင် ရိုဟင်ဂျာများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၁၇ ဦးထဲတွင် အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၅၈ ဦးပါဝင်ပြီး အမျိုးသမီး ၅၈ ဦးတွင် ကလေး ၇ ဦး ပါဝင်သည်။

    အဆိုပါ ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ပွဲစားအဆက်အသွယ်ဖြင့် ရခိုင်ပြည်နယ်မှ ရောက်လာသူများဖြစ်ပြီး မွန်ပြည်နယ်မှ ထိုင်းနိုင်ငံ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ သွားမည့်သူများဖြစ်ကြောင်း သိရသည်။

    ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာများကို သံဖြူဇရပ်မြို့နယ်အားကစားခန်းမတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ်အတွင်း ရေလမ်းကြောင်းမှတဆင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာများ မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်ဟု စုဆောင်းထားသည့်အချက်အလက်များအရ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks