Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ

    မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မွန်ငြိမ်ချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ နိုင်စိုးသူအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးသည် နံနက် ၇ နာရီအချိန်ခန့်က စုံနံ့သာကျေးရွာသို့ ဈေးဝယ်ရန် မော်တော်ယာဉ်ဖြင့် ထွက်လာစဉ် စုံနံ့သာကျေးရွာ ဘောလုံးကွင်းအနီးအရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးစလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသည် အာယုတောင်နှင့် စုံနံ့သာကျေးရွာကြားရှိ ခံသင်းတံတားဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို စစ်ဆေးမှု လုပ်ဆောင်နေကြသူများဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

    အဆိုပါ ပစ်ခတ်ကို ၎င်းတို့အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပြီး AK သေနတ်နှစ်လက်၊ ၄၀ မမ တလက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုထားသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီမှ ခွဲထွက်သူအချို့တို့မှ ၂၀၀၈ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က စစ်အစိုးရထံ လက်နက်ချ အလင်းဝင်ခဲ့သည်။

    လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ်ပြည့်သည့်နှစ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်အဖြစ် ဆောင်ရွက်သွားမည်ဟု ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

    မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရေး-သံဖြူဇရပ်ကားလမ်းတွင် ဂိတ်ဖွင့်ကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks