spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းတပ်ပြေးများသွားခေါ်သည့် စစ်ကောင်စီ လေယာဉ် မီဇိုရမ်တွင် ပြေးလမ်းချော်ကာ ပျက်ဆီး

    တပ်ပြေးများသွားခေါ်သည့် စစ်ကောင်စီ လေယာဉ် မီဇိုရမ်တွင် ပြေးလမ်းချော်ကာ ပျက်ဆီး

    -

    ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သားများကို ပြန်လည်ခေါ်ယူသည့် စစ်လေယာဉ် ဇန်နဝါရီ ၂၃ ရက်နေ့က အိုက်ဇောလ်မြို့အနီး Lengpui လေဆိပ်ကိုအဆင်း အရှိန်လွန် လမ်းချော်ခဲ့တာကြောင့် ပျက်ဆီးသွားကြောင်း အိန္ဒိယအခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်သို့ ထွက်ပြေးလာသည့် စစကောင်စီတပ်သား ၁၈၄ ယောက်ကို ပြန်ခေါ်ယူမည့် အဆိုပါလေယာဉ် ပြေးလမ်းချော် ပျက်စီးမှုကြောင့် လေယာဉ်ပေါ်ပါ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယခုပျက်ကျခဲ့သည့် လေယာဉ်အမျိုးအစားသည် Y8F200W အမျိုးအစားဖြစ်ပြီး စစ်ကောင်စီတပ်၏ ရိက္ခာနှင့် တပ်အင်အား သယ်ဆောင်သည့် အဓိက လေယာဉ်အမျိုးအစားဖြစ်သည်။

    အဆိုပါလေယာဉ်သည် မြန်မာစစ်တပ်မှ ဝယ်ယူထားသည်မှာ မကြာသေးကြောင်း၊ နှစ်စီးသာကျန်တော့ကြောင်း လေတပ်မှ CDM လုပ်ထားသူတစ်ဦးက ပြောသည်။

    “ဒီလေယာဉ်က ကုန်တင်ရုံမဟုတ်ဘူး Pressurelization system တွေပါပါတယ်။ ပေ ၂ သောင်းကျော်ကနေ ပျံလို့ရတယ်။ အခုက လူသယ်ဖို့ဆိုရင် အဟောင်းတစ်စီးရှိမယ်။ အခုပျက်ကျတဲ့လေယာဉ်မျိုး တစ်စီးကျန်မယ်။ ကျန်တာတွေက မရှိတော့ဘူး။ ပြတိုက်တွေ ပို့ထားရတာနဲ့လေ။ ပထမက Y8 အမျိုးအစားက ၄ စီးရှိတယ်။ နောက် အကောင်းတစ်စီးကျန်မယ်။ တစ်စီးက ပင်လယ်ပြင်မှာ ပျက်ကျတယ်။ အဲ့တော့ အသစ်တွေက ပျက်ကျသွားပြီးတော့ အဟောင်းတစ်စီးနဲ့ နဲနဲကောင်းတာတစ်စီးပဲ ကျန်တော့မယ်။ အခုပျက်ကျတဲ့ဟာကလည်း အာဏာသိမ်းပြီးမှ တရုတ်ကနေ ဝယ်ထားတဲ့ဟာဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

    အဆိုပါလေယာဉ်များကို စစ်ကောင်စီက တော်လှန်ရေးနယ်မြေများသို့ လက်နက်၊ ရိက္ခာများကို ဆက်တိုက်ပျံသန်းပို့ပေးနေရခြင်းကြောင့် ပြင်ဆင်ချိန်မရဘဲ ချို့ယွင်းမှုများရှိလာခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်နဝါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ်  ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများကို ကိုးကားပြီး All India Radio News တွင် ဖော်ပြထားသည်။

    ၎င်းတို့ကို  ဇန်နဝါရီ  ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းနှင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားခဲ့ရာမှ ယခုကဲ့သို့ လေယာဉ် ပျက်စီးခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယသို့ ထွက်ပြေးခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ပြန်ခေါ်ထားသောစစ်ကောင်စီတပ်သားများကို ရခိုင်စစ်မြေပြင်သို့ ပြန်ပို့ရန် စစ်ကောင်စီက စီစဉ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks