spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်း ကွယ်လွန်

    မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်း ကွယ်လွန်

    -

    မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်း (ခေါ်) နိုင်ဇနူမွန်သည် ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ရန်ကုန်မြို့ရှိ အာရှတော်၀င်ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

    အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် လူကြီးရောဂါဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

    နိုင်ငွေသိန်း၏ရုပ်ကလာပ်ကို မော်လမြိုင်မြို့သို့ သယ်ဆောင်ပြီး မီးသင်္ဂြိုသွားမည်ဟု ကနဦးသိရသည်။

    ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်သည် နိုင်ငွေသိန်းသည် ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတွၚ် လောကုတ္တရာဆိုင်ရာပညာများဖြင့် အကြီးတန်းအထိ ပညာသင်ကြားခဲ့ပြီး ကိုရင်ဘ၀ဖြင့်ပင် တက္ကသိုလ်၀င်တန်းဖြေဆိုအောင်မြင်ခဲ့ရာ တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။

    နိုင်ငွေသိန်းသည် ဘွဲ့ရပြီး ကျောင်းဆရာအဖြစ်မှ မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးတာ၀န်များကို ထမ်းဆောင်ခဲ့ပြီး အမှတ်(၂) အခြေခံပညာဦးစီးဌာန အထက်မြန်မာပြည်မန္တလေးညွှန်ကြားရေမှူး(စီမံ)တာ၀န်ဖြင့် ၂၀၀၀ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

    နိုင်ငွေသိန်းသည် ဝန်ထမ်းဘဝကတည်းက မွန်သီချင်းရေးဆရာအဖြစ် နာမည်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပြီး မွန်ခေတ်ပေါ်တေးဂီတဝိုင်း “လျးဟံသာ” ကို ဦးစီးတည်ထောင်ခဲ့သူလည်းဖြစ်သည်ဟု မွန်ဂီတအသိုင်းအဝိုင်းထံမှ သိရသည်။

    ၂ဝ၁ဝ ခုနှစ် ဧပြီလတွင် မွန်ဒေသလုံးဆိုင်ရာဒီမို ကရေစီပါတီဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

    နိုင်ငွေသိန်းသည် မွန်နိုင်ငံရေးပါတီအချင်းချင်းပေါင်းစည်းရေးအတွက်ကြိုးစားရင်း မွန်အမျိုးသားပါတီတွင် ပါတီဒုတိယဥက္ကဌအဖြစ်လည်းကောင်း၊ ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီတွင် ပါတီနာယကကြီးအဖြစ်လည်းကောင်း ကွယ်လွန်အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    နိုင်ငွေသိန်းသည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားရေးလှုပ်ရှားတွင် ဦးဆောင်ပါဝင်ခဲ့ပြီး မွန်စာပေသုသေတနပြုလုပ်ခြင်း၊ မွန်စာတမ်းဖတ်ပွဲပြုလုပ်ခြင်း အစရှိသည့် အမျိုးသားရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks