spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ဆိုသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က မုပ္ပလင်ကျေးရွာ၊ ဈေးတန်းရပ်ကွက်နေ အသက် ၆၈ နှစ်အရွယ် ဦးတင်အေး (ခ) ဦးပြူးကြောင်ဆိုသူသည် ဆိုင်ကယ်စီးလာစဉ် မုပ္ပလင် အ.ထ.က ကျောင်းအနီးအရောက်တွင် အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် သေနတ်သမားနှစ်ဦးတို့က ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

    ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပျူစောထီးအဖွဲ့ဝင် ဦးတင်အေး (ခ) ပြူးကြောင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ပျူစောထီးအဖွဲ့ဝင် ဦးတင်အေး (ခ) ပြူးကြောင်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်ကောင်စီကို သတင်းပေး တိုင်ကြားတာ၊ စစ်ကောင်စီအားကိုးဖြင့် ပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေသည့်အတွက် ယခုလို ပစ်ခတ်ရှင်လင်းလိုက်ခြင်းဖြစ်သည်ဟုလည်း KRF က ပြောဆိုထားသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးတင်အေး (ခ) ပြူးကြောင်သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    မုပ္ပလင်ဒေသခံတစ်ဦးက “ဦးတင်အေးက ဆိုင်ကယ်နဲ့ ကျောင်းဘက်ကို လာနေတဲ့အချိန်မှာ ပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတဲ့နေရာပဲ သေဆုံးသွားတယ်” ဟု ပြောသည်။

    ဦးတင်အေး (ခ) ပြူးကြောင် ပစ်ခတ်ခံရပြီးနောက် မုပလ္လင်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်တို့က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မုပ္ပလင်ကျေးရွာ ဗလီစုရပ်နေ ဦးညီညီလွင်ကို မုပ္ပလင်ကျေးရွာ အမည်မသိသေနတ်သမားတို့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

    ဦးညီညီလွင် ပစ်ခတ်ခံရမှုဖြစ်စဉ်တွၚ် အနီးရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် သေဆုံးသွားခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks