spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမုဒုံ၊ အဘစ်-ခလယ်တံခွန်တိုင်းလမ်းရှိ စစ်ကောင်စီဂိတ်မှ ပြည်သူတွေကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေ

    မုဒုံ၊ အဘစ်-ခလယ်တံခွန်တိုင်းလမ်းရှိ စစ်ကောင်စီဂိတ်မှ ပြည်သူတွေကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ၊ အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဒေသခံနှင့် ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးအတွင်းရှိ မွန်ရွာအများစုက ချောင်းနှစ်ခွလမ်း၊ ခလယ်-တံခွန်တိုင်လမ်း၊ အဘစ်လမ်းနှင့် လွတ်ရှမ်းလမ်းတို့ကို အသုံးပြုပြီး မွန်ပြည်နယ်ဘက်မှ စားသောက်ကုန်ပစ္စည်း တင်သွင်းခြင်း၊ ရော်ဘာရောင်းဝယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ချောင်းနှစ်ခွတံတား မိုင်ခွဲဖျက်ဆီးခံရပြီး ချောင်းနှစ်ခွလမ်းဘက် သွားလာလို့မရတော့သလို ခလယ်-တံခွန်တိုင်လမ်းဘက်ကလည်း တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံများ အဘစ်လမ်းကိုသာ အဓိကထား သွားလာနေကြရသည်။

    အဆိုပါ စစ်ကောင်စီစစ်ရေးဂိတ်တွင် လက်ရှိတွင် စစ်ဆေးမှု တင်းကြပ်ထားသည့်အပြင် ဖြတ်သန်းသွားလာသူများကို အကြောင်းမဲ့ဖမ်းဆီးတာ၊ ငွေညှစ်တောင်းခံတာတွေလည်း လုပ်ဆောင်လာခဲ့သည်ဟု ဖြတ်သန်းသွားလာနေသူတို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ အသက် ၃၆ နှစ်အရွယ် လှိုင်ကနီကျေးရွာခံတစ်ဦးက အဘစ်လမ်းမှတဆင့် မုဒုံမြို့သို့ သွားရာ လမ်းခုလတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ပျောက်သွားပြီး နောက်သုံးရက်အကြာမှာ ဖုန်းဝင်လာတယ်။ သူ့ကို ကျွန်တော်တို့ ဖမ်းထားတယ်။ ငွေ ၁၀ သိန်းပေးရင် ပြန်လွတ်ပေးမယ်ဆိုတော့ မိသားစုဝင်တွေက wave money နဲ့ ငွေလွှဲပေးလိုက်တယ်။ နောက်တော့ လူလည်းပြန်မရောက်လာသေးဘူး။ အခုထိ ရှာနေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

    ၎င်းပြင် အဘစ်လမ်းတလျှောက် ရော်ဘာခြံလုပ်ကိုင်နေသည့်ဒေသခံတို့ကိုလည်း စစ်ကောင်စီတပ်တို့က ဖမ်းဆီးနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    ရော်ဘာအစေးခြစ်နေသည့် အဘစ်ကျေးရွာခံတစ်ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်ဟု အဘစ်ဒေသခံတစ်ဦးက ဆိုသည်။

    ၎င်းက “ရော်ဘာခြစ်နေတဲ့ ရွာသားနှစ်ယောက်ကို စစ်တပ်က ဖမ်းသွားတယ်လို့ သိရတော့ ကျေးရွာအုပ်ချုပ်ရေးမှုးက စစ်တပ်ဆီ အကျိုးအကြောင်းသွားမေးတဲ့အခါမှာ သူတို့နှစ်ယောက်က နယ်ကျော်လာလို့ ဖမ်းတယ်။ သူတို့ကို ၃/၄ လလောက် ချုပ်ထားရမယ်ဆိုပြီး စစ်တပ်က ပြန်ပြောတယ်။ အမှန်က နယ်ကျော်တာမဟုတ်ဘူး။ ခြံထဲထိ ဝင်လာဖမ်းတယ်။ အစေးခြစ်နေတဲ့အချိန်ပေါ့” ဟု ပြောသည်။

    လက်ရှိတွင် အဘစ်လမ်းကို အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၈ က စစ်ဆေးမှုတင်းကြပ်ထားသလို မော်တော်ယဉ်များကိုလည်း အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုနေ့သည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေရသည်။

    ယခုလို သွားလာခွင့်ကန့်သတ်လိုက်ခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ဝင်ရောဆိပ်ကြီး၊ နောင့်ပရော့၊ တောင်ပေါက် အစသည့် မွန်ရွာအများစုက ဒေသခံပြည်သူများ ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် သွားလာရေးခက်ခဲခြင်း ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks