spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် အိမ်ငှာခစျေးနှုန်းများ ပိုမိုမြင့်တက်လာ

    မော်လမြိုင်မြို့တွင် အိမ်ငှာခစျေးနှုန်းများ ပိုမိုမြင့်တက်လာ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒေသခံပြည်သူများ ပြောင်းရွှေ့ လာရောက်အခြေချနေထိုင်သူ များပြားလာခြင်းကြောင့် မော်လမြိုင်မြို့ပေါ်တွင် အိမ်ငှားခ ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

     “အခုအိမ်ငှားခက အကုန်းလုံးဈေးတက်လာတယ်၊ မြိုင်သာယာဘက်မှာဆို စစ်ဘေးရှောင်တွေ များလာတော့ အိမ်တိုင်းလိုလိုမှာ လူတွေပြည့်နေတာပဲ။ စျေးကတော့ နှစ်သိန်းခွဲကနေ သုံးသိန်းခွဲ ကြာမှာ ရှိတယ်။ ဒါတောင် အိမ်အကောင်းစားမရသေးဘူး။ အိမ်အကောင်းစားဆို ခြောက်သိန်း၊ ခုနှစ်သိန်းဝန်းကျင်လောက်ရှိတယ်။ အရင်က အစ်မတို့ ငှားတာ တစ်သိန်း ရှစ်သောင်းကို အခု လေးသိန်း၊ ငါးသိန်းဝန်းကျင်လောက် တက်လာတယ်” ဟု ကျိုက်မရောမြို့နယ် စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ယခင်က အိမ်တစ်လုံး ငှားရမ်းခ တစ်လလျှင် တစ်သိန်း နှစ်သောင်းကျပ် ရှိရာကနေ လက်ရှိ ၃ သိန်းနှင့်အထက် ဈေးမြင့်တက်လာပြီး မြို့တွင်းနှင့် မိန်းလမ်းမကြီးဘက်ဆို အိမ်တစ်လုံး ငှားရမ်းခ တစ်လလျှင် ကျပ် ၃၅ သိန်းရှိရာကနေ လက်ရှိတွင် ကျပ်သိန်း ၄၀ နီးပါးအထိ ဈေးတက်လာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

    “အရင်က အိမ်တစ်လုံး ငှားနေတယ်၊ အစက တစ်သိန်းလေးသောင်း၊ နောက် နှစ်လထပ်နေတယ် တစ်သိန်းရှစ်သောင်း၊ နောက်ထပ် သုံးလထပ်နေတော့ နှစ်သိန်း ထပ်ယူတယ်။ အခုက ၃ သိန်း အထက်မှာပဲ ရှိတော့တယ်။ ဒီမြန်မာပြည်မှာ ဥပဒေမရှိတော့ဘူးလေး။ သူဌေးတချို့က အိမ်ငှား ဈေး ထပ်မြှင့်လိုက်တယ်။ ငှားရတာ အဆင်မပြေရင် အခြားနေရာပြောင်းရွှေ့ရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်၏ လေကြောင်တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းနှင့် စစ်ကြောင်းထိုးခံနေရသည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်ဒေသခံများသည် မော်လမြိုင်မြို့သို့ ရွှေ့ပြောင်းအခြေချ နေထိုင်ရန် ရောက်လာပြီးနောက်ပိုင်း အိမ်းငှားခ ရုတ်တရတ်မြင့်တက်ခဲ့ကြောင်းလည်း မြို့ခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks