Saturday, March 14, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

    ကျိုက်ထိုတွင် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် အသိမ့်သိမ့်သူ(ခ) စုပုံချစ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

    မသိမ့်သိမ့်သူ (ခ) စုပုံချစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့သည်။

    မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ ဝန်ထမ်းများအား ခြိမ်းခြောက်စာပေးပို့ကာ ငွေတောင်းခံမှုများလုပ်ဆောင်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားခဲ့သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

    “မစုပုံချစ်က Online ပေါ်ကနေ ခြိမ်းခြောက်စာတွေပို့ပြီး ငွေတောင်းလို့ဆိုပြီး လာဖမ်းသွားတာလို့ ကြားတယ်။ ဒီနေ့ (ဇန်နဝါရီ ၁၇) မနက်ပိုင်းအထိတော့ သူ့မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့က မသိမ့်သိမ့်သူသည် အများပြည်သူ စိတ်ငြိုငြင်း အထိတ်တလန့်ဖြစ်အောင် အကြမ်းဖက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ခြိမ်းခြောက်စာများပေးပို့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ခြိမ်းခြောက်ကာ ငွေတောင်းခံခြင်း၊ လက်ရှိ ပညာရေးဝန်ထမ်းများအား Online ပေါ်မှတဆင့် ခြိမ်းခြောက်စာများပေးပို့၍ တာဝန်မထမ်းဆောင်နိုင်ရန် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ကြောင်း သတင်းအရ ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။

    “သူကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းမှာ နန်းဖြိုးစံအမည်နဲ့ Facebook Account နဲ့ ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ ဝန်ထမ်းတွေထံကို ခြိမ်းခြောက်စာတွေ ပေးပို့ထားတာ၊ ခြိမ်းခြောက်ငွေတောင်းခံထားတာမျိုးတွေ တွေ့ရတယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လတ်တလော မသိမ့်သိမ့်သူ (ခ) စုပုံချစ် အား ဆိုင်ရာ ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူမှုများလုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks