spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားဖူး များလာ

    ကျိုက်ထီးရိုးဘုရားဖူး များလာ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးသို့ ပြည်တွင်း ပြည်ပဘုရားဖူးဝင်ရောက်မှု များလာပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း ဘုရားဖူး သုံးသိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

    ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကျိုက်ထီးရိုးသို့ ပြည်တွင်းဘုရားဖူး ၂၈၄၀၇၉ ဦးနှင့် ပြည်ပဘုရားဖူးခရီးသွား ၁၀၂၁၄ ဦး လာရောက်ခဲ့ကြောင်း ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရှိ စာရင်းများအရ သိရသည်။

    ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးက “ဒီဇင်ဘာလအတွင်းမှာက ကျောင်းနဲ့ ရုံးပိတ်ရက်တွေ၊ နောက် အလုပ်ပိတ်ရက်တွေ များတော့ ဘုရားဖူးအတော်များများလာကြတယ်။ အဲ့ဒီအပြင် ဇန်နဝါရီလ ၁ ရက်မှာလည်း ဆီမီး ၉၀၀၀ ပူဇော်ပွဲပြုလုပ်တော့ ဘုရားဖူးတွေမပြတ်ဘူး။ Covid ကာလနောက်ပိုင်းမှ အများဆုံးလာရောက်ကြတာလို့ ဆိုလို့ရပါတယ်” ဟု ပြောသည်။

    နှစ်စဉ် ဘုရားဖူးသိန်းချီဝင်ရောက်လေ့ရှိသည့် ကျိုက်ထီးရိုးဘုရားတွင် ကိုဗစ်ဖြစ်ပွားပြီးနောက် ဘုရားဖူးဝင်ရောက်မှုလျော့နည်းလာခဲ့ရာမှ စစ်တပ်အာဏာသိမ်းမှုကြောင့် ဘုရားဖူးဝင်ရောက်မှု မရှိသလောက်နည်းပါးလာခဲ့သည်။

    ၎င်းပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) တောင်တက်မော်တော်ယာဉ်ဝင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးကာ ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုဖြစ်ပွားပြီးနောက် ဘုရားဖူးဝင်ရောက်မှု မရှိသလောက်နည်းပါးလာခဲ့သည်။

    ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ကျိုက်ထီးရိုးဒေသတွင်းသို့ ဘုရားဖူးပြန်လည်ဝင်ရောက်လာကြောင်း ဘုရားဂေါပကနှင့် ကျိုက်ထီးရိုးဒေသခံတို့ထံမှ သိရသည်။

    ဘုရားဖူးဝင်ရောက်လာသည့်အတွက် ကင်မွန်းစခန်း၊ ရင်ပြင်တော်စခန်းနှင့် မုဆိုးတောင်စခန်းများရှိ စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများ အလုပ်အကိုင် အထိုက်အလျှောက် ပြန်လည် အဆင်ပြေလာကြကြောင်း ဆိုသည်။

    “အစောပိုင်းကာလတွေက ဘုရားဖူးအရမ်းနည်းတော့ အဆင်မပြေဘူး။ တချို့လတွေဆို စားရိတ်မကြေဘူး။ ဒီနှစ်တောင်ဖွင့်ပွဲပြီးတော့မှ ဘုရားဖူးနည်းနည်းပြန်ကျလာတယ်။ ဒီဇင်ဘာလ ပိတ်ရက်တွေမှာ ဘုရားတွေပြန်ဝင်လာကြတယ်။ အဲ့ဒီအတွက် အတန်အသင့်တော့ ပြေလည်တယ်။ စားသောက်ဆိုင်လုပ်ငန်းတွေက ဘုရားဖူးတွေကိုဘဲ မှီပြီးလုပ်ကြရတာလေ” ဟု ကျိုက်ထီးရိုး ရင်ပြင်တော်စခန်းရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး အထူးသဖြင့် ဘုရားပွဲတော်စသည့် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူသောင်းနှင့်ချီရှိသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ နှစ်စဉ်ကျင်းပလေ့ရှိသည်။

    #crd_photo_myanmarinsider

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks