Saturday, March 14, 2026
More
    spot_img
    Homeသတင်းကျိုက်ထို အင်းဝဘဏ်ပစ်ခတ်ခံရပြီး ပြည်သူ့စစ်တစ်ဦးသေ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

    ကျိုက်ထို အင်းဝဘဏ်ပစ်ခတ်ခံရပြီး ပြည်သူ့စစ်တစ်ဦးသေ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ မြို့နယ်ဘောလုံးကွင်းဘေးရှိ အင်းဝဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ပစ်ခတ်ခံရပြီး ပြည်သူ့စစ်တစ်ဦးသေဆုံးကာ အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ကျိုက်ထို အင်းဝဘဏ်တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က ထုတ်ပြန်ထားသည်။

    အင်းဝဘဏ်ရှိ စစ်ကောင်စီတပ်သားများကို ပစ်ခတ်ရှင်းလင်းရာတွင် တပ်သားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က ထုတ်ပြန်ထားသည်။

    ၎င်းပြင် ပစ်ခတ်မှုအတွင်း အရပ်သား အမျိုးသမီးတစ်ဦးလည်း ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအတွက် ဝမ်းနည်းရကြောင်းလည်း ဆိုထားသည်။

    စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီနှင့် ဝေးဝေးနေပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ က တိုက်တွန်းထားသည်။

    အင်းဝဘဏ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့တို့က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့ရှိ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှင့် ဘဏ်လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks