spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ ဒေသခံများတိမ်းရှောင်နေရဆဲ

    ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ ဒေသခံများတိမ်းရှောင်နေရဆဲ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံများလည်း တစ်လကျော်ကြာလာသည်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစကာ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူး‌ပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲသည် ဇန်နဝါရီလဆန်းပိုင်းထိ ဆက်လက်ဖြစ်ပွားနေကြောင်း တိုက်ပွဲနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိသလို နေအိမ် မီးလောင်ပျက်စီးမှုလည်း ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

    လက်ရှိတွင် ကော့ကရိတ်မြို့ထဲ စစ်ကောင်စီတပ်က တပ်စွဲထားသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်လည်း တပ်စွဲထားသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

    “မြို့ထဲကနေ ထွက်လာတယ် တစ်လကျော်ပြီး၊ မြို့မှာ လူမရှိတော့ဘူး။ မြို့ထဲ စစ်တပ်ဝင်တော့ ပထမတော့ ရှောင်ပြီးနေကြတယ်။ နောက်ပိုင်းကျ နေလို့ အဆင်မပြေတော့ မြို့ထဲကနေထွက်လာကြတယ်။ အခုဆို မြို့ထဲမှာတော့ နှစ်ဖက်စလုံးပါပဲ တပ်စွဲထားကြတာ” ဟု ထွက်ပြေးတိမ်း‌‌ရှောင်နေရသည့် မြို့ခံတစ်ဦးက ပြောသည်။

    ၎င်းပြင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ အနီးနားဝန်းကျင်ကျေးရွာမှ ဒေသခံပြည်သူများကလည်း စိုးရိမ်ကြောက်ရွံ့နေကြကြောင်း ဆိုသည်။

    ကျုံဒိုးဒေသခံတစ်ဦးကလည်း “တိုက်ပွဲကဖြစ်နေတုန်းပါပဲ အသွားအလာသတိထားနေရတယ်။ သူတို့တွေ့ရင် ပစ်တယ်။ တိုက်ပွဲဖြစ်ရင် လေယာဉ်နဲဴ ပစ်ကူတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် အလုပ်နားလို့တော့ မရဘူး။ ကျုံဒိုးဘက်မှာ ဘာမဖြစ်ပေမယ့်။ ဖြစ်တဲ့နေရာနဲ့က သိပ်မဝေးတော့ လက်နက်ကြီးကျလာမှာ စိုးရိမ်နေရတယ်” ဟု ပြောသည်။

    တိုက်ပွဲကြောင့် သောင်းနှင့်ချီသည့် ကော့ကရိတ်မြို့ခံများ မြဝတီ၊ ဘားအံနှင့် မော်လမြိုင်မြို့ဘက်သို့ တွက်ပြေးတိမ်းရှောင်နေကြရသည်။

    ကော့ကရိတ်မြို့ တိုက်ပွဲကြောင့်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲတာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks