spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

    သထုံတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

    စစ်ကောင်စီ အမြှောက်တပ်-၃၁၄ တပ်ရင်းမှ ဒီဇင်ဘာလ ၇ ရက်နေ့က ပြည်သူများနေထိုင်ရာ ကျေးရွာများထဲသို့ နေ့လည် ၁၂ နာရီဝန်းကျင်မှ ည ၉ နာရီခန့်အထိ လက်နက်ကြီး ၂၃ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးသည် ပန်းအောင်ကုန်းရွာအနီးတွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသည့် အဝန်းကြီးရွာနေ အသက် ၄၆ နှစ်အရွယ် စောလာအော ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

    ၎င်းပြင် ရွှေရောင်ပြကျေးရွာတွင်လည်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နွား ၃ ကောင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

    ယင်းနေ့တွင်ပင် စစ်ကောင်စီတပ် ခမရ-၉ တပ်ရင်းမှ လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ပြီး ရွှေရောင်ပြရွာထဲ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

    ဒီဇင်ဘာ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီ အမတ-၃၁၄ တပ်ရင်းနှင့် ခလရ-၈ တပ်ရင်းတို့မှ လက်နက်ကြီး ၃၁ လုံးကို လူနေကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ဒေါက်ရပ်ရွာထဲ ၁၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ နှစ်အရွယ် ဦးဝင်းဖေ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်။

    ၎င်းပြင် ရွှေရောင်ပြကျေးရွာအုပ်စု၊ ဒေါင်းမင်းတောင် (ဒေသအခေါ်) တော်တူကလိုး ဘုန်းကြီးကျောင်းအနီး လက်နက်ကြီး ၅ လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks