spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းများ အခက်ကြုံ

    စက်သုံးဆီကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းများ အခက်ကြုံ

    -

    မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်ပြီး၊ စျေးကြီးပေးဝယ်နေရသည့်အတွက် မီးစက်ဖြင့် လုပ်ငန်းလည်ပတ်နေရသည့် အသေးစား၊ အလတ်စားလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

    လျှပ်စစ်မီး ပြတ်တောက်မှုများသည့် နယ်ဘက်တွင် ကိုယ်ပိုင်မီးစက်ဖြင့် လုပ်ငန်း လည်ပတ်နေရရာမှ ယခု စက်သုံးဆီအခက်အခဲပါ ထပ်မံကြုံတွေ့နေရသည်ဟု မုဒုံမြို့မှ သံထည်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    “ဆီကလည်းပြတ်၊ လျှပ်စစ်မီးက လုံးဝအားကိုးလို့မရဆိုတော့ အဆင်မပြေဘူး။ ဆီကရရင်လည်း အဆမတန် စျေးကတက်နေတယ်။ အခုလောလောဆယ်က ပရီမီယံက တစ်လီတာကို ၅၀၀၀ နဲ့ ရောင်းပေးနေတယ်။ ဆီမပြတ်ခင်တုန်းကတော့ ၂၀၀၀ ကျော်လောက်ပေါ့ အသိဆီဆိုင်ကနေတစ်ဆင့် ဝယ်ယူရတယ်။ ဆီရောက်ရင် သူတို့ခွဲပေတာပေါ့” ဟု ၎င်းက ဆိုသည်။

    စက်သုံးဆီအခက်အခဲကြောင့် ပြည်နယ်အတွင်းရှိ ဖုန်းဆိုင်၊ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်၊ အလှပြင်ဆိုင်၊ မိတ္ထူဆိုင်၊ ကိတ်မုန့်လုပ်ငန်း၊ ဝရိန်ဆော်ခြင်းအစရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်နားထားရတာတွေလည်း ရှိသည်။

    “အခုကတော့ လုပ်ငန်းကမနားရသေးဘူး ဒီထက်ပိုပြီး ဆက်ပြတ်နေမယ်ဆိုရင်တော့ နားရမယ်။ ရှာယူရတာက အဆင်မပြေဘူး။ တခါတလေ စကားပြောပြီး၊ စျေးသတ်မှတ် စရံပေးပြီးမှ ဆီစျေးတက်တယ်တော့ အရှုံးပေါ်တာပေါ့ မကိုက်ပေမဲ့ ပြောပြီးသားဆိုတော့ လုပ်ပေးရတယ်” ဟု မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာမှ စတီးနှင့် သံပန်လုပ်ကိုင်နေသူတစ်ဦးက ‌ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသည် ရန်ကုန်တစ်ဆင့် စက်သုံးဆီများ ဝယ်ယူပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီပြတ်လပ်မှုများမကြာခဏဖြစ်ပေါ်နေကြောင်း ယခုအခါ နယ်ဘက်‌မှာသာမက မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးတို့တွင်လည်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks