Thursday, March 12, 2026
More
    spot_img
    Homeသတင်းယခုနှစ် စပါးတောင်သူများ တွက်ခြေမကိုက်

    ယခုနှစ် စပါးတောင်သူများ တွက်ခြေမကိုက်

    -

    မွန်ပြည်နယ်တွင် အထွေးကုန်ကျစရိတ်ကြီးမြင့်နေသည့်အပြင် စပါးထွက်နှုန်းလည်း သိသိသာ လျော့ကျနေသည့်အတွက် ယခုနှစ် မိုးစပါးတောင်သူများ တွက်ခြေမကိုက်ကြဟုဆိုသည်။

    မိုးစပါးစိုက်ပျိုးချိန်တွင် ဓာတ်မြေသြဇာနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ ရာသီဥတုနှင့် စပါးဖျက်ပိုးကြောင့် စပါးအထွက်နှုန်း လျော့ကျသည့်အပြင် စပါးရိတ်သိမ်းချိန်တွင်လည်း စက်သုံးဆီစျေး မြင့်တက်မှုပါ တောင်သူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

    လယ်လုပ်လာသည့် သက်တမ်းတလျှောက် ယခုနှစ်လို အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ခံရခြင်း မရှိခဲ့ဖူးဟု နှစ် ၄၀ နီးပါး လယ်လုပ်ကိုင်လာခဲ့သူတစ်ဦးက ပြောသည်။

    “ဒီနှစ်က လယ်သမားတွေအတွက် ဒုက္ခတော်တော်ရောက်တယ်။ မိုးဖျက်လို့ စပါးပျက်တာအပြင် စပါးတွေပိုးစားလို့ စပါးထွက်တာလည်း လျော့တယ်။ လယ် ၁၀ ဧက လုပ်တာ စပါးတင်း ၃၀၀ လောက်ရရင် အဆင်ပြေတယ်။ အခုက အဲလောက်တောင် မရနေဘူး။ လယ်သမားတွေအရမ်းကို ဒုက္ခရောက်တဲ့နှစ်ပဲ။ တစ်ခါမှကြုံဖူးဘူး” ဟု ၎င်းက ပြောသည်။

    စပါး‌စျေးကောင်းနေသော်လည်း ရောင်းချရန် စပါးမရှိကြောင်း တောင်သူများ အမြတ်ရရှိဖို့ထက် အရှုံးနှင့်သာ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု တောင်သူတို့က ဆိုသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကောက်ကြီးစပါး တင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ ပေါက်စျေးရှိနေပြီး၊ ပေါ်ဆန်မွှေး တင်း ၁၀၀ လျှင် ၃၂ သိန်းဝန်းကျင် ပေါက်စျေးရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

    “စပါးစျေးကတော့ အရင်နှစ်နဲ့ ယှဉ်ရင် စျေးကောင်းရနေပေမယ့်၊ ကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်တွေ လုပ်အားခတွေနဲ့ မတန်နေဘူး။ စပါးအထွက်လည်း လျော့တော့ အဆင်မပြေဘူး” ဟု အခြားတောင်သူတစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ပျိုးဧက ၇ သိန်းနီးပါးရှိပြီး ရေကြီးနစ်မြှပ်မှုကြောင့် နှစ်စဉ်စပါးစိုက်ခင်းဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks