spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းDawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

    Dawei Watch သတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

    -

    Dawei Watch သတင်းဌာနမှ မြိတ်အခြေစိုက် သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ ဖမ်းဆီးခံရကြောင်း Dawei Watch သတင်းဌာနမှ ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

    သတင်းထောက်နှစ်ဦးကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် နေအိမ်များ၌ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း လာရောက်ဖမ်းဆီးချိန်တွင် မိသားစုကို ပြောဆိုခဲ့သည်ဟု ဆိုသည်။

    Dawei Watch မီဒီယာသည် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် သတင်းဌာနတစ်ခုဖြစ်ပြီး သတင်းစာကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားထုတ်လုပ်နေသည့် မီဒီယာတစ်ခု ဖြစ်သည်။

    သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိသလို သတင်းထောက်များကို ညသန်းခေါင်အချိန်တွင် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးသွားသလို မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိဘူးဟု ဆိုသည်။

    လက်ရှိတွင် သတင်းထောက်နှစ်ဦးကို စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည့် Dawei Watch က ထုတ်ပြန်ထားသည်။

    ဖမ်းဆီးစဉ်တွင်လည်း Dawei Watch မီဒီယာပိုင် လပ်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း ဆိုသည်။

    ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် Dawei Watch က တောင်းဆိုလိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks