spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်အတွင်းက စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းများ ပြည်သူနှင့် ပူးပေါင်းရန် ကေအဲန်ယူ တိုက်တွန်း

    သထုံခရိုင်အတွင်းက စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းများ ပြည်သူနှင့် ပူးပေါင်းရန် ကေအဲန်ယူ တိုက်တွန်း

    -

    မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေအတွင်းရှိ စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး လုပ်ငန်းများမှ စွန့်ခွာပြီး ပြည်သူလူထုနှင့် ပူးပေါင်းကြရန် ကေအဲန်ယူဗဟိုက ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန် တိုက်တွန်းလိုက်သည်။

    စစ်ကောင်စီ၏ အရပ်ဘက်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး လုပ်ငန်းများမှ စွန့်ခွာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်၊ စစ်ဖက်ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အမိန့်ပေးမှုမှ စွန့်ခွာပြီး ပြည်သူလူထု၏ လုံခြုံရေးကို အကာအကွယ်ပေးရန် ကေအဲန်ယူက တိုက်တွန်းထားသည်။

    စစ်သားများအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်စေသည့် အမိန့်များအား ဖီဆန်ခြင်း၊ ရှိသည့်နေရာမှ အာဏာရှင်ဒေါက်တိုင်ဖြိုဖျက်ရန် ဆန့်ကျင်တော်လှန်သော လှုပ်ရှားမှုများတွင် နည်းမျိုးစုံဖြင့် ပါဝင်ကူညီတိုက်ပွဲဝင်ခြင်း၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများသာ အကျိုးစီးပွားဖြစ်နေသည့် စစ်တပ်အား စွန့်ခွာကာ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံရန်လည်း တိုက်တွန်းထားသည်။

    ကေအဲန်ယူ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူလူထု၏ ဘဝလုံခြုံမှုနှင့် လူမှုဝန်ဆောင်မှုများကို အပြည့်အဝတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထူ၏ လူမှုလုံခြုံမှုနှင့် လူမှုဝန်ဆောင်မှုများကို ဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို ကေအဲန်ယူနှင့် ချိတ်ဆက်ပြီးမှ ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။

    စစ်ကောင်စီ၏ ပြည်သူလူထုအား ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံမှုများ ကင်းမဲ့ကာ ကြီးမားသော ထိခိုက်ပျက်စီးမှုနှင့် ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ထားသည်။

    တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများရှိ အရာရှိ အရာခံ၊ အကြပ်၊ တပ်သားများ ကေအဲန်ယူ၏ နိုင်ငံရေးရပ်တည်ချက်ကို ပါဝင်ပူးပေါင်းနိုင်ရန်လည်း ကေအဲန်ယူက တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts