spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းလူ့အခွင့်အရေးချိုးဖောက်နေသည့်အဖွဲ့အစည်းများ မိမိတို့လုပ်ရပ်ကို တာဝန်ယူသင့်ဟုဆို

    လူ့အခွင့်အရေးချိုးဖောက်နေသည့်အဖွဲ့အစည်းများ မိမိတို့လုပ်ရပ်ကို တာဝန်ယူသင့်ဟုဆို

    -

    နိုင်ငံတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့လုပ်ရပ်ကို တာဝန်ယူသင့်ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျရောက်သည့် (၇၅) ကြိမ်မြောက် လူအခွင့်အရေးနေ့တွင် လူ့အခွင့်အရေးလှုပ်ရှားသူတို့က ပြောဆိုလိုက်သည်။

    လက်နက်ကိုင်အဖွဲ့အစည်းအစည်းများအနေဖြင့် ပြည်သူလူထုကို အလေးမထားဘဲ တိုက်ပွဲဖော်ဆောင်နေခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့်ပစ်ခတ်နေခြင်း၊ မြေမြှုပ်မိုင်းထောင်းခြင်း စသည့်လုပ်ရပ်များ ရပ်တန့်သင့်ပြီး မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်းမှ ဦးဆောင်သူ နိုင်အွဲမွန် ဆိုသည်။

    “တချို့လက်နက်ကိုင်တွေ ပြည်သူတွေနေထိုင်တဲ့ မြို့ရွာတွေမှာ ပြည်သူတွေကြားမှာ တိုက်ပွဲဖော်ဆောင်နေတာဟာ ပြစ်မှုမြောက်တယ်။ ဒါတွေဟာ ခွင့်လွှတ်လို့ရတဲ့ အနေအထားမဟုတ်တော့ဘူး။ သူတို့ လွန်ကျူးခဲ့တာတွေကို တာဝန်ယူရမယ်။ အခွင့်အရေးချို့ဖောက်ခံရတဲ့ ပြည်သူတွေလည်း များများ ထုတ်ဖော်ပြောဆိုစေချင်တယ်” ဟု ဆိုသည်။

    ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်မြောက်ပိုင်း ဘီးလင်း၊ ကျိုက်ထိုအပြင် ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ကျိုက်မရောမြို့နယ်တွင်လည်း နယ်မြေမတည်ငြိမ်မှု တိုက်ပွဲဖော်ဆောင်မှုများ ပိုမိုများပြားလာပြီး စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် အကြိမ်ရေ ၂၀၀ ကျော်ရှိခဲ့ကြောင်း နိုင်အွဲမွန်က ဆက်ပြောသည်။

    “ကျွန်တော်တို့က အချိန်မရွေး သေနိုင်တယ်။ ပြည်သူတွေ အချိန်မရွေး ဘာမှမသိဘဲ အသက်ဆုံးရှုံးနိုင်တယ်။ ပြေးဖို့အချိန်မရှိဘူး။ တစ်မိနစ် တစ်စက္ကန့်အတွင်းမှာလာပြီး အသံမကြားခင် လက်နက်ကြီးက ကျပြီး၊ အဲဒီဆိုဝါးတဲ့ အခြေအနေတွေလည်း ကျနော်တို့မွန်ဒေသမှာ ရှိလာပြီး” ဟု ဆိုသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေရှင်းရှိ အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီမြောက်ပိုင်းဒေသတို့တွင် စစ်ဘေးရှောင်ဦးရေ ၅ သောင်းနှင့် ၉ သောင်းဝန်းကျင်မှာရှိနေပြီး မြေပြင်တွင် ယခုထက် ပိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။

    ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတဝှမ်းလုံးတွင် အရှိန်အဟုန်မြှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် အဆိုပါတိုက်ခိုက်မှုများကြောင့် ကျောင်းများ၊ ဆေးခန်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရေးကြီးသောအများပိုင်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။

    KHRG ၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူစုစု ပေါင်း ၁၃၄ ဦးထက် ပိုရှိခဲ့သည်။

    ၎င်းပြင် လက်နက်ကြီးပစ်ခတ်မှု ၂၄၉ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူစုစုပေါင်း ၃၈ ဦးထက်မနည်း ရှိခဲ့သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks