spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီအခက်အခဲကြောင့် ရေးမြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းသာရရှိ

    စက်သုံးဆီအခက်အခဲကြောင့် ရေးမြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းသာရရှိ

    -

    ဒီဇင်ဘာ ၅၊ ၂၀၂၃

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က စက်သုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိနေသည့်အတွက် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြန့်ဖြူးပေးနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စက်သုံးဆီဝယ်ယူရရှိမှုအပေါ်မူတည်ပြီး လျှပ်စစ်မီးကို ဖြန့်ဖြူးပေးသွားမည်ဟု ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် မြတ်သူရကုမ္ပဏီက ဒီဇင်ဘာလ ၂ ရက်နေ့က သုံးစွဲသူပြည်သူများကို အသိပေးကြေညာခဲ့သည်။

    မြတ်သူရကုမ္ပဏီက ဒီဇင်ဘာလ ၃ ရက်နေ့မှစပြီး နံနက် ၇ နာရီခွဲမှ နေ့လည် ၁၁ နာရီထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ည ၉ နာရီခွဲထိတစ်ကြိမ် ဖြန့်ဖြူးပေးသွားမည်ဟု ကြေညာထားသည်။

    “မနက် ဘုန်းကြီးဆွမ်းခံကြွချိန်ဆို ဘာမှမမြင်ရဘူး။ တစ်ရွာလုံးမှောင်မဲနေတာပဲ။ မီးလုံးကိုယ်စီနဲ့ ဆွမ်းလောင်းကြရတယ်။ ဆွမ်းထချက်တာကအစ အကုန်လုံး အခက်အခဲဖြစ်နေတာ။ မီးဖို (မီးသွေး၊ ထင်း)၊ ဂတ်စ်နဲ့ ထမင်းဟင်းချက်နေရတယ် အခု။ အဆင်မပြေဘူး” ဟု ရေးမြို့နယ်၊ ဒူးယားကျေးရွာခံတစ်ဦးက ပြောသည်။

    မြတ်သူရကုမ္ပဏီသည် ရေးမြို့အပါအဝင် ရေးတောင်ပိုင်းဒေသက အဘော်၊ အစင်စံပြ၊ ဇီးဖြူသောင်၊ ဒူးယား အစရှိသည့် ကျေးရွာ ၁၀ ခန့်ကို လျှပ်စစ်မီးဖြန့်ဖြူပေးနေသည်။

    ယခုလို လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိနေသည့်အတွက် လျှပ်စစ်မီးဖြင့် အလုပ်လုပ်နေရသူများအတွက် အခက်အခဲကြုံတွေ့နေကြရသည်ဟု ဆိုသည်။

    ရေးမြို့မှ ကိတ်မုန့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်း “အခုဆို မုန့်သားတွေကို မီးလာတဲ့အချိန်မှာ ကြိုလုပ်ထားရတယ်။ ကိတ်မှာတဲ့သူတွေကိုလည်း ကြိုမှာခိုင်းရတယ်။ အရင်ကဆို ကြိုက်တဲ့အချိန်မှာ မီးရှိတော့ ကြိုက်တဲ့အချိန် လုပ်လို့ရတယ်။ ဒီနေ့မှာပြီး ဒီနေ့ယူရင်လည်း ရတယ်။ အခုက မီးလာတဲ့ချိန်ဆို အပြေးအလွှားလုပ်နေရတယ်။ အချိန်လုနေရတာပေါ့” ဟု ဆိုသည်။

    အလားတူ ရေးမြောက်ပိုင်းဒေသကို လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် Northern Ye Electricity Distrubution Service ကလည်း လျှင်စစ်မီးဖြန့်ဖြူးချိန်ကို နံနက် ၄ နာရီမှ ၇ နာရီထိတစ်ကြိမ်၊ ညနေ ၅ နာရီခွဲမှ ည ၈ နာရီထိတစ်ကြိမ် ဖြန့်ဖြူးပေးသွားမည်ဟု ကြေညာထားသည်။

    စက်သုံးဆီ ဝယ်ယူရရှိမှုအပေါ်မူတည်ပြီး လျှပ်စစ်မီးဖြန့်ဖြူးချိန် အပြောင်းအလဲရှိပါက ထပ်မံကြေညာသွားမည်ဟုလည်း ကုမ္ပဏီတို့က ကြေညာထားသည်။

    မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်တွင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကျေးရွာ ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လုပ်ဆောင်နေကြရသည်။

    ရေးမြို့နယ်အတွင်း မြတ်သူရကုမ္ပဏီ၊ Southern Myanmar Development –SMD ကုမ္ပဏီနှင့် Northern Ye Electricity Distrubution Service တို့က လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ဆောင်နေပြီး စက်သုံးဆီစျေး ဆက်တိုက်မြင့်တက်လာသည့်အတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၁၈၀၀ ကနေ ကျပ် ၂၀၀၀ အထိ ပြည်သူတို့က စျေးကြီးပေး သုံးစွဲနေကြရသည်။

    ပုဂ္ဂလိလုပ်ငန်းများအတွက် စက်သုံးဆီကို မိမိအစီအစဉ်ဖြင့် တင်သွင်းရမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks