spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ဂိတ်တိုးလာပြီး ငွေကြေးတောင်းခံမှုများလာ

    ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ဂိတ်တိုးလာပြီး ငွေကြေးတောင်းခံမှုများလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာလ ၅၊ ၂၀၂၃။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တိုးလာပြီး ငွေကြေးတောင်းခံမှုလည်း များလာသည်ဟု ယာဉ်မောင်နှင့် ခရီးသွားပြည်သူတို့ထံမှ သိရသည်။

    လက်ရှိအချိန်ထိ ရန်ကုန်-မော်လမြိုင်ကားလမ်းမတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်း တိုးချဲ့ဖွင့်လှစ်ထားပြီး တရားဝင်ငွေကြေးကောက်ခံနေသည့်အပြင် အချို့ကလည်း အရပ်ဝတ်ဖြင့်

    ငွေကြေးတောင်းခံနေသည်လည်းရှိသည်ဟု ယာဉ်မောင်းတို့ထံမှ သိရသည်။

    ကားလမ်းတလျှောက် ကားအမျိုးအစား၊ တင်ဆောင်ထားသည့်ကုန်ပစ္စည်းနှင့် လိုက်ပါလာသည့် ခရီးသည် အနည်းအများပေါ်မူတည်ပြီး ကားတစ်စီးလျှင် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိ ပေးနေရကြောင်း တောင်းသလောက်မပေးနိုင်လျှင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ကြာမြင့်စွာ စစ်ဆေးသည်ဟု ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

    ၎င်းက “ကျွန်တော်တို့ ခရီးသည်ကားဆိုရင် အသွားအပြန် သုံးသောင်းလောက်က အပိုကုန်နေတာပဲ။ ကိုယ့်ခရီးသည်က နိုင်ငံသားကဒ်တွေ မပါရင် ပိုကုန်တယ်။ ဂိတ်တစ်ခုကို ၃၀၀၀/၄၀၀၀ ကျပ်လောက်က သူတို့ကို(စစ်တပ်၊ရဲ) ကန်တော့နေရတယ်။ ဂိတ်တိုင်းကို ပေးရတယ်။ အဲတာမှ သွားလို့အဆင်ပြေမယ်။ မဟုတ်ရင် သူတို့(စစ်တပ်၊ရဲ) ရစ်ရိုးရိုးနဲ့ အချိန်ကုန်တယ်။ တစ်ခါတစ်လေ ကြားပွဲ ဘယ်ကနေမှန်းမသိ အရပ်ဝတ်နဲ့ ပေါ်လာတဲ့ အဖွဲ့လည်း ရှိသေးတယ်။ ဘယ်ကားမှ အလွတ်မပေးဘူး။ သူတို့ကို အကုန်ပေးရတယ်” ဟု ဆိုသည်။

    လက်ရှိ စက်သုံးဆီစျေးနှုန်း အဆမတန် မြင့်တက်နေသည့်အပြင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခရီးသည်သွားလာသူ နည်းပါးနေသည့်ကြားက ယခုလို ဂိတ်ကြေးတောင်းခံမှုများပြားလာသည့်အပေါ် ယာဉ်မောင်းသူများ အခက်ကြုံနေရသည်ဟု ဆိုသည်။

    အခြားယာဉ်မောင်းတစ်ဦးကလည်း “ပိုက်ဆံကောက်တဲ့အကြောင်းက မပြောနဲ့တော့။ ရတဲ့ပိုက်ဆံတွေက သူတို့ကို( စစ်တပ်၊ရဲ)ပေးနေရလို့ ကားဆရာတွေက မွဲနေကြပြီး။ တစ်နေရာရောက်ရင် လဝကကသက်သက်၊ ရဲကသက်သက်၊ စစ်တပ်ကသက်သက် အဲလိုမျိုး ပိုက်ဆံကောက်နေရင် ကားဆရာတွေ သေပြီးပေါ့” ဟု ပြောသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းမတလျှောက်တွင် ငွေကြေးတောင်းခံမှုများလာသည့်အပြင် စစ်ဆေးမှုလည်း ပိုမိုတင်းကျပ်လာသည်ဟု ခရီးသွားပြည်သူတို့ထံမှ သိရသည်။  

    စစ်ခေါင်ဆောင်များက ကုန်စျေးနှုန်းကြီးမြင့်နေရခြင်းသည် လမ်းခရီးတွင် မလိုလားအပ်သည့် ဂိတ်များက ငွေကြေးကောက်ခံနေခြင်းကြောင့်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအလိုက် တာဝန်ရှိသူများက

    အလေးထားကြပ်မတ်ပေးရန် ပြီးခဲ့သည့် ဇွန်လအတွင်းက ညွန်းကြားခဲ့သည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်းသည် တနင်္သာရီ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ဆက်သွယ်သွားလာ အသုံးပြုနေရသည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး နေ့စဉ် ကားထောင်ချီ ဖြတ်သန်းသွားလာနေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts