spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် စစ်ကောင်စီတပ် ဗုံးကြဲခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မှု

    ကျိုက်မရောတွင် စစ်ကောင်စီတပ် ဗုံးကြဲခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မှု

    -

    ဒီဇင်ဘာ ၂၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာတွင် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မှုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    မိကသစ်ကျေးရွာတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လေယာဉ်ဖြင့် မိကသစ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ကြောင်း ဗုံးသည် ကျေးရွာရှိ ဘဏ္ဍာဓနတောရဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။

    ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၄၂ နှစ်ရှိ ဦးဇင်း ဦးသောမသည် ဗုံးစထိမှန်ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပျံလွန်တော်မူသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    “ဗုံးကတော်တော်ပြင်းတယ်။ မြေကြီးပါတုန်သွားတယ်။ ဘုန်းကြီးကျောင်းလည်း တော်တော်ပျက်ဆီးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် မိကသစ်ကျေးခံများ စိုးရိမ်ကြောင်ရွံ့ပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    မိကသစ်ကျေးရွာသည် ကျိုက်မရောနှင့် ကြာအင်ဆိပ်ကြီးမြို့နယ် နယ်စပ်တွင် တည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။  

    ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးသည် ကျိုက်မရော၊ စံပယ်ဂူတံတားအနီး ကော့ဒွန်း၊ ကော့ပနောကျေးရွာထဲ ကျရောက်ပေါက်ကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ကျိုက်မရောမြို့နယ်အတွင်းသို့ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံတို့က ပြောသည်။  

    တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်က ချောင်းနှစ်ခွ၊ တောင်ကလေး၊ ကဒါ၊ လှကဇိုင်း၊ ပေါလောကုန်း အစရှိသည့်ကျေးရွာများနှင့် ပျားတောင်ဒေသဘက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ဝဲငဲ့ အစရှိသည့်ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

    ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲသည့် ဒီဇင်ဘာလဆန်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲရက်ကြာလာသည်နှင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်း စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အခြေခံ ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု ကူညီပေးနေသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts