spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့‌ပေါ်က ငွေလဲဆိုင်တစ်ဆိုင်တွင် ငွေလုယက်ခံရမှုဖြစ်ပွား

    ဘုရားသုံးဆူမြို့‌ပေါ်က ငွေလဲဆိုင်တစ်ဆိုင်တွင် ငွေလုယက်ခံရမှုဖြစ်ပွား

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာ ၁၊ ၂၀၂၃။

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၃)၊ နာရီစင်အနီးတွင် ဖွင့်လှစ်ထားသည့် “အဝီ” ငွေလဲဆိုင်တွင် ငွေလုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    “အဝီ” ငွေလဲဆိုင်သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ငွေလွှဲဟန်ဆောင်ကာ ဆိုင်ထဲဝင်ပြီး ငွေများ လုယက်သွားခဲ့သည်ဟု ဆိုသည်။

    ငွေလုယက်ခံရမှုဖြစ်စဉ်တွၚ် မြန်မာငွေ ကျပ်သိန်း ၅၀ ထက်မနည်း ပါသွားသည်ဟု အဆိုပါငွေလဲဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ပုံမှန်ဆို အဲ့ဆိုင်မှာကလူများနေတာပဲ။ မနေ့ကပဲ သူတို့ တူမလေး တစ်ယောက်ထဲ ကျန်ခဲ့တယ်။ ဆိုင်ကယ်ဦးထုပ်နဲ့ လူနှစ်ယောက်က ငွေလဲမယ်ဆိုပြီး ဆိုင်ထဲဝင်လာတယ်။ ကောင်တာဘက်ကိုရွေ့ပြီး ဆိုင်တံခါးပိတ်ခိုင်းတယ်။ ကောင်မလေးရဲ့ ပါးစပ်ရော လက်ရော ခြေထောက်ရောကို တိပ်နဲ့ ချည်လိုက်ပြီးတော့ ဆိုင်ကိုမွှေနှောက်ပြီး ငွေ သိန်း ၅၀ ကျော်ကျော်လောက်ယူသွားတယ်။ ပြီးတော့ တံခါးဖွင့်ပြီး ထွက်ပြေးသွားတာပဲ” ဟု ၎င်းက ပြောသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ငွေလုယူထွက်ပြေးသွားသူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိတို့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း ဘုရားသုံးဆူမြို့၊ မြို့မဈေးဓမ္မာရုံရှေ့ရှိ “သစ်ဆန်းယဉ်” ရွှေဆိုင်တွင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်၏သားဖြစ်သူလည်း သေနတ်ထိမှန်သွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူမြို့ပေါ်တွင် ရွှေဆိုင်၊ ငွေဆိုင်လုယက်ခံရမှုများအပြင် လမ်းသွားရင်း လုယက်ခံရသည့်ဖြစ်စဉ်၊ ခိုးမှုများနှင့် နေအိမ်ဖောက်ထွင်းခံရမှုများ အဖြစ်များလာသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks