spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် ခလရ-၉၇ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

    ဘုရားသုံးဆူမြို့တွင် ခလရ-၉၇ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

    -

    ဘုရားသုံးဆူမြို့တွင် ခလရ-၉၇ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

    နိုဝင်ဘာ ၂၃၊ ၂၀၂၃

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်‌နေ့ နံနက်ပိုင်းက စစ်ကောင်စီ ခလရ-၉၇ မှ ဒုတပ်ရင်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ခလရ-၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၁)၊ လမ်းမရှိ အလှပြင်ဆိုင်တစ်ခုတွင် တည်ရှိနေစဉ် သေနတ်သမားတို့က နံနက် ၆ နာရီအချိန်ခန့်က လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၃၇ နှစ်အရွယ် ဗိုလ်မှူးအေးချမ်းသည် အခင်းဖြစ်ပွားသည့် အလှပြင်ဆိုင်တွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    “အဲ့ဆိုင် (အလှပြင်ဆိုင်) မှာရှိနေတဲ့အချိန်မှာ လာပစ်လိုက်တာ။ ပွဲချင်းပြီးဆုံးသွားတာပဲ။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ သေချာမသိဘူး။ ပစ်တဲ့အချိန်မှာ ၆ နာရီမထိုးခင်လေးဆိုတော့ ဘယ်သူမှလည်း အပြင်မထွက်ရသေးတဲ့အချိန်ဖြစ်နေတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

    ခလရ ၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးခမ်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင်း လာရောက်ပစ်သတ်သွားခဲ့သည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဘုရားသုံးဆူမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တို့က လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်။

    ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အစရှိသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ လှုပ်ရှားနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks