Homeသတင်းပေါင်မြို့နယ်တွင် ဆီထွက်သီးနှံများကို စံပြစိုက်ကွက် ဧက ၅၄၀၀ ခန့် စိုက်ပျိုးရန်လျာထား

ပေါင်မြို့နယ်တွင် ဆီထွက်သီးနှံများကို စံပြစိုက်ကွက် ဧက ၅၄၀၀ ခန့် စိုက်ပျိုးရန်လျာထား

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာ (၂၃) ရွာအတွင်း ဆီထွက်သီးနှံများကို  စံပြစိုက်ကွက် ဧက (၅၄၀၀) ခန့် စိုက်ပျိုးရန် လျာထားသည်ဟု ပေါင်မြို့နယ် ၊ စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

 ပေါင်မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာကို စံပြ စိုက်ခင်းအနေဖြင့် သပြေကုန်ကျေးရွာနှင့် အလှပ်ကျေးရွာဘက်မှ စိုက်ပျိုးကြပြီး  မြေပဲ၊ နှမ်း၊ ပဲ သီးနှံများကို မုတ္တမ ၊ကျွဲခြံ ၊ မှော်ဘီ၊လက်ပံတောကျေးရွာဘက်မှ စံပြစိုက်ခင်း အနေဖြင့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

“  ဒီနိုဝင်ဘာလက စတင်ပြီး စိုက်ပျိုးမယ်ပေါ့ ပဲအများဆုံး စိုက်ပျိုးမယ် ၊  မြေပဲကို မှော်ဘီကျေးရွာမှာစိုက်မယ် လက်ပံတောမှာ နှမ်းကို စိုက်ပျိုးမယ် ကျနော်တို့ ပေါင်မှာ သံလွင်မြစ်ဘေးနဲ့ ပင်လယ်ကမ်းစပ်ရှိတယ်လေး သီးနံမတူဘူး ၊ ရေရရှိတဲ့ နေရာလည်း မတူဘူး အဲကြောင့် စိုက်ပျိုးမယ့် သီးနှံတွေ ကွဲသွားတယ်” ပေါင်မြို့နယ် စိုက်ပျိုးရေးဌာနက ဦးစီးမှူးက ပြောသည်။

အဆိုပါ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ဘိုကိတ်ပဲ ၊မြေပဲ စသည့် ဆီထွက်သီးနှံများကို စိုက်ပျိုးရန် ငွေကျပ်သိန်း ၁၄၀၀၀ ကျပ် ထုတ်ချေးရန် လျာထားသည်ဟု  မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ယခုနှစ် နွေစပါးစိုက်ပျိုးရန်အတွက် ငွေ ကျပ် ၁သိန်းခွဲနှုန်း ကိုလည်း ငွေထုတ်ချေးပေးပြီး ဆီထွက်သီးနှံဖြစ်သည့် နေကြာ ၊မတ်ပဲ ၊ ပဲတီစိမ်း၊ ပဲလွန်း၊မြေပဲ ၊နှမ်းတို့ စိုက်ပျိုးရန်အတွက်  (၁) ဧက လျှင် ကျပ် (၁) သိန်းနှုန်းဖြင့် ငွေထုတ်ချေးပေးမည်ဟု  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ဆိုသည်။

ထိုအပြင် မြေ (၁) ဧက ကို နေကြာမျိုးစေ့  (၃) ကီလို အိတ် တစ်အိတ်လျှင်  ကျပ် နှစ်သောင်းခွဲ ဖြင့် ဝယ်ယူရရှိပြီး  မြေပဲနှင့် တခြားထွက်သီးနှံကို ကုမ္ပဏီက သော်လည်းကောင်း ၊စိုက်ပျိုးရေး သုသေသန ရေဆင်းမှ သော်လည်း၎င်း စိုက်ပျိုးရေးဌာနထံမှ  ချိတ်ဆက် မှာယူပေးမည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ရေး ၊ချောင်းဆုံ၊ပေါင် ၊သံဖြူဇရပ် ၊ကျိုက်မရော ၊သထုံ၊ကျိုက်ထို ၊မုဒုံ ၊ဘီးလင်း၊ မော်လမြိုင် ၊တို့ ဆီထွက်သီးနှံ ဧက တစ်သောင်း အထိ တိုးချဲ့ စိုက်ပျိုးလုပ်ဆောင်မည်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြေပဲစိုက်ပျိုး ဧက ၂၈ သိန်းကျော်၊ နှမ်းစိုက်ဧက ၃၇သိန်းကျော် နှင့် နေကြာစိုက်ဧက ၆သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးရေး ဧရိယာ ဧက ၇၆ သိန်းကျော် ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts