Homeသတင်းညောင်ခါးရှည်ဂိတ်တွင် ကားပိတ်ဆို့နေသည့်အတွက် ခရီးသွားများအခက်ကြုံ

ညောင်ခါးရှည်ဂိတ်တွင် ကားပိတ်ဆို့နေသည့်အတွက် ခရီးသွားများအခက်ကြုံ

-

ရန်ကုန်-မော်လမြိုင်ကားလမ်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် စစ်တောင်းတံတားအနီးရှိ ‌ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ကားများပိတ်ဆို့မှုဖြစ်ပွားနေသည့်အတွက် ခရီးသွားများနှင့် ကားသမားများအခက်အခဲကြုံနေကြရသည်ဟု ဆိုသည်။

‌ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ဆေးမှုတင်းကျပ်ထားသည့်အတွက် ကုန်တင်ကားများအပြင် အိမ်စီးကားများပါ စစ်ဆေးခံနေရကြောင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေကြောၚ်း ခရီးသွားနှင့် ကားသမားတို့ထံ သိရသည်။

“ပိတ်နေတာက ၄ ရက်‌လောက်ရှိပြီ။ ကားတွေ တစ်နေ့လုံး စောင့်နေရတယ်။ အဓိက ကုန်ကားတွေကို စစ်ဆေးများတယ်။ မလွှတ်ဘူး ကုန်ကားတွေကိုသာလွှတ်ရင် တစ်နာရီလောက်ဆို ကုန်ပေါ့။ အခုက အကုန်လုံးပိတ်နေတာ။ ကားတစ်စီးလွှတ်ဖို့က ၅ မိနစ်လောက်ကြာတာကားက ဒီလောက်များတာ။ ပြောရရင် သူတို့ထိန်းလိုက်တာပဲ ဝေါကနေလာတဲ့ ကားတွေဆို အဆင်းဘက်ဆို ခဏလေးနဲ့ ပေးသွားတာ။ တက်လာတဲ့ကားတွေပဲ ပိတ်မိနေတာ” ဟု ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

အဆိုပါ X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် လူနာတင်ယာဉ်အပါအဝင် အိမ်စီးကား၊ ခရီးသည်တၚ်ကား၊ ကုန်တင်ကား ထောင်နှင့်ချီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရကြောင်း ကားသမားတို့ထံမှ သိရသည်။

“သူတို့က မပေးသွားတာလည်းမဟုတ်ဘူး။ ဘယ်သွားဘာညာအဲ့လောက်ပဲ မေးတာ အိတ်ဖွင့်ပြီးတော့လည်း မစစ်ဆေးပါဘူး။ ကားတွေပိတ်နေလို့ သွားလို့မရတော့တာ။ လူနာတင်ကားတွေလည်း သွားလို့မရဘူး၊ စောင့်နေရတယ်။ စစ်တာက ကုန်တင်ကားတွေကိုပဲ အဓိက စစ်ဆေးနေတာ” ဟု ရေးမြို့နယ်မှ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် ခရီးသွားများ၊ ကားများ ရက်ချီစောင့်ဆိုင်းပြီး ဖြတ်သန်းသွားလာနေကြရကြောင်း ခရီးသွားနှင့် ကားသမားတို့ထံမှ သိရသည်။

‌ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် မွန်ပြည်နယ်သို့ စက်သုံးဆီယာဥ်များ ရောက်မလာနိုင်သည့်အတွက် မွန်ပြည်နယ်အတွင်းမှာ စက်သုံးဆီ ပြတ်လတ်မှု ဖြစ်ပေါ်နေသည်ဟုလည်း စက်သုံးဆီအရောင်းဆိုင်နှင့် သုံးစွဲသူတို့ထံမှ သိရသည်။

၎င်းပြင် ‌ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အနယ်နယ်အရပ်ရပ်သို့ တင်ပို့မည့် စားသောက်ကုန်များလည်း ပျက်စီးဆုံးရှုံးမှု ရှိနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts