spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းကျိုက်မရော ချောင်းနှစ်ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေ

    ကျိုက်မရော ချောင်းနှစ်ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကြောင့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်း ယာယီပိတ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    “မနက် (၄) နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အသံတွေကြားနေရတယ်။ ရွာထဲကိုလည်း လက်နက်ကြီးတွေကျလို့ ရွာက‌ကလူတွေလည်း ပြေးနေကြရတယ်။ လောလောဆယ် မုဒုံ – ချောင်းနှစ်ခွ – ကြာအင်းဆပ်ကြီးလမ်းကို ပိတ်ထားတယ်” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲအတွင်း ကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုရှိသော်လည်း အရပ်သားထိခိုက်မှု လူနေအိမ်ထိခိုက် ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ချောင်းနှစ်ခွရဲစခန်းနှင့် အတ္ထရံတံတား(ချောင်းနှစ်ခွ) ရှိ လုံခြုံရေးဂိတ်စခန်းများကို ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် လာရောက်တိုက်ခိုက်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ကြေညာထားသည်ကို ကြားသိရကြောင်း ၎င်းဒေသခံက ဆိုသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) ရှိ စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts