Homeသတင်းရေဖြူတွင် ရော်ဘာခြံရှင်နှင့် လုပ်သားတို့၏ ကိုယ်ရေးအချက်အလက်ကို အုပ်ချုပ်ရေးမှူးက တောင်းယူနေ

ရေဖြူတွင် ရော်ဘာခြံရှင်နှင့် လုပ်သားတို့၏ ကိုယ်ရေးအချက်အလက်ကို အုပ်ချုပ်ရေးမှူးက တောင်းယူနေ

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းက ကျေးရွာတချို့တွင် ရော်ဘာခြံရှင်နှင့် ခြံလုပ်သားတို့၏ ဓာတ်ပုံနှင့် မိသားစုကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့က တောင်းယူပြီး စာရင်းကောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေဖြူမြို့နယ်အတွင်းရှိ အိန္ဒရာဇာကျေးရွာအုပ်စုနှင့် ကံပေါက် ကျေးရွာအုပ်စုရှိ ရော်ဘာခြံပိုင်ရှင်တို့က ဓာတ်ပုံ နှစ်ပုံ၊ ခြံဧကအရေအတွက်၊ ခြံလုပ်သား မိသားစုဝင်များ စုရိုက်ထားသည်ဓာတ်ပုံ တစ်ပုံ၊ ခြံလုပ်သားမိသားစု၏ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်ရှိသူတို့က မှတ်ပုံတင်မိတ္တူ စသည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွင် နိုဝင်ဘာလလ ၅ ရက်နေ့ကစပြီး သွားပေးနေရသည်ဟု သိရသည်။

စာရင်းပေးခဲ့ရသည့် ရော်ဘာခြံရှင်တစ်ဦးက “ပစ်ခတ်မှုတွေ၊ ဘာတွေဖြစ်လို့ စကစဘက်က စစ်လား၊ ရမ်းလားလုပ်လာရင် ဒီအထောက်အထားတွေ ရှိနေရမယ်။ မရှိရင် ရိုက်နှက်၊ ထုထောင်းခံရတာမျိုးတွေ၊ ဖမ်းခံရတာတွေရှိလာနိုင်တယ် ပြောတယ်။ ရာအိမ်မှူးကိုယ်တိုင် လာပြောခဲ့တာ” ဟု ဆိုသည်။

စာရင်းပေးရမည့်ကိစ္စနှင့် ပတ်သက်ပြီး ရပ်ကွက်တချို့တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးကိုယ်တိုင် လိုက်လံပြောပေးတာမျိုးရှိသော်လည်း တချို့ရပ်ကွက်တို့တွင် တဆင့်စကား တဆင့်ကြားပြီးမှ သွားရောက်စာရင်းပေးနေသည်လည်းရှိသည်။

အုပ်ချုပ်ရေးမှူးတို့က ခြံရှင်များနှင့် လုပ်သားများထံမှ ကိုယ်ရေးအချက်အလက်များ သွားပေးရာတွင် ငွေကြေးတောင်းယူမှုများလည်း ရှိနေသည်ဟု သိရသည်။

ရော်ဘာခြံအများစုရှိသည့် ကံပေါက်ကျေးရွာအုပ်စုထဲက ဂန့်ဂေါ်တောင်ရွာတွင် အုပ်ချုပ်ရေးမှူးတွေကို စာရွက်စာတမ်းနှင့်အတူ ကျပ် ၃၀၀၀ ပေးရပြီး၊ အိန္ဒရာဇာကျေးရွာအုပ်စုထဲက ရှင်ပြန်ရွာမှာတော့ ကျပ် ၄၀၀၀၊ ကျပ် ၅၀၀၀ စသဖြင့် အတိအကျမရှိဘဲ ပေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကံပေါက်ဒေသသည် မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် စစ်ကောင်စီခြေလျင်တပ်ရင်းများ အခြေစိုက်ထားသည့် ဒေသဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts