spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီကို ဝေဖန်ရေးသားသည့် မော်လမြိုင်မြို့ခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

    စစ်ကောင်စီကို ဝေဖန်ရေးသားသည့် မော်လမြိုင်မြို့ခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် Tiktok စာမျက်နှာပေါ် စစ်ကောင်စီကို ဝေဖန်ရေးသား ဖြန့်ဝေခဲ့သည် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း သိရသည်။

    ကိုကိုထွဋ် Tiktok အကောင့်ပိုင်ရှင် အသက် ၂၉ နှစ်အရွယ် ကိုကိုထွဋ်ဆိုသည် မော်လမြိုင်မြို့ရှိ ဝန်ကြီးများအိမ်ရာက လုံခြုံရေးအကာအကွယ် အတားအဆီးများကို ဗီဒီယိုရိုက်ကူးပြီး Tiktok တွင် မဟုတ်မမှန် ဝေဖန်ရေသားဖြန့်ဝေမှုပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “မြိုင်သာယာက အသစ်ဖွင့်ထားတဲ့ ၁၉၉၀ လက်ဖက်ရည်ဆိုင်မှာ လာဖမ်းသွားတာ။ အရပ်ဝတ်နဲ့ပဲ လာဖမ်းဆီးသွားတာ။ အခုတော့ အမှုဖွင့်လိုက်ပြီလို့တော့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကိုကိုထွဋ်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းတွင် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု သိရသည်။

    နိုဝင်ဘာ ၆ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် ကိုကိုထွဋ်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်တွင် ဝါဒဖြန့်တာတွေ ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က မော်လမြိုင်မြို့မှ CDM သားဖွားဆရာမတစ်ဦးကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် အကြမ်းဖက်မှု အားပေးထောက်ခံတယ်တဲ့ သတင်းတွေ ပြန်လည်မျှဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားတာ ဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၇၉၇ ဦးအထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts