Saturday, March 21, 2026
More
    spot_img
    Homeသတင်းစားသုံးဆီဈေးမြင့်တတ်မှုကြောင့်  မွန်ပြည်နယ်အတွင်း နေကြာစိုက်ပျိုးရေးကို တိုးချဲ့ စိုက်ပျိုး

    စားသုံးဆီဈေးမြင့်တတ်မှုကြောင့်  မွန်ပြည်နယ်အတွင်း နေကြာစိုက်ပျိုးရေးကို တိုးချဲ့ စိုက်ပျိုး

    -

    မွန်ပြည်နယ်မှာ စားသုံးဆီဈေးနှုန်း တစ်ပိဿာ တစ်သောင်းကျော်ကျပ်အထိ ဈေးမြင့်လာမှုကြောင့် စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နေကြာပင် ဧက တစ်သောင်း တိုးချဲ့ စိုက်ပျိုး စီစဉ်လာသည်ဟု ဒေသခံများထံမှ သိရသည်။

    “နေကြာစေ့က ဆီထွက်သီးနှံတွေထဲမှာ ကုန်ကျစရိတ် သက်သာပြီး နှမ်းတို့ထက် ဆီထွက်နှုန်းများတယ် ဒါကြောင့် ဆီထွက်သီးနှံတွေ ကြားမှာ နေကြာအပင်ကို တိုးချဲ စိုက်ပျိုးပေးစီစဉ်နေတာဖြစ်ပါတယ်” ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    မွန်ပြည်နယ် ၊နေကြာစိုက်ပျိုးရေးကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က နေကြာမျိုးစေ့ ဧက ၁၀၀ ဝန်းကျင်သာ စိုက်ပျိုးကြပြီး ယခု ၂၀၂၃ ခုနှစ်တွင် နေကြာမျိုးစေ့ ဧက တစ်သောင်း အထိ တိုးချဲ့စိုက်ပျိုးလာသည်။

    ကျနော်တို့  မွန်ပြည်နယ်မှာ စားသုံးဆီ မလုံလောက်ဘူး။ အဲတာကြောင့် သူ့ဒေသနဲ့သူ  စားဆီလုံလောက်မှုရှိအောင် အဲလို အမိန့်ချပေးတယ်။ မွန်ပြည်နယ်ဘက်မှာ  ဧက တစ်သောင်းစိုက်ပျိုးရမယ် ကျနော်တို့ မွန်ပြည်နယ် ၁၀ မြို့နယ်ရှိတယ်ဆိုတော့ မြို့နယ်တစ်ခုစီမှာ ဧက တစ်ထောင်လော က်စိုက်ပျိုးရမယ့်တာဝန်ပေးရတာပေါ့ ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူးက ထပ်ပြောသည်။

    မွန်ပြည်နယ် ၊ရေးမြို့နယ်တွင် နွေစပါး၊ဆောင်းသီးနှံ ၊နေကြာ စိုက်ပျိုးရေး စီမံကိန်း တာဝန်များ အပ်နှင်းပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်ပိုင်းတွင် ရေးမြို့  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    ထိုအခမ်းအနားတွင် ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းမင်း၊ ရေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီးဖြိုးဇေယျာစိုး၊ရေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုဦး တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများအား  စီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

    ကျေးရွာအုပ်ချုပ်ရေးမှူးအား တာဝန်ပေးခဲ့ပြီးနောက်တွင် နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေကြောင့် နေကြာစိုက်ပျိုးရေးလုပ်ငန်းကို  လက်တွေ့အကောင်တည်ဖော် ဆောင်ရွက်ရန် အခက်ကြုံနေရသည်ဟု ဆိုသည်။

    “ မနှစ်က နေကြာပင် နည်းနည်းဘဲ စိုက်တယ် ဒီနှစ်က ထပ်ပြီးတင်းကြပ်ထားတယ် မနှစ်က ဧက ၁၀၀ လောက်ပဲ ချပေးတယ် ဒီနှစ်က ဧက တစ်ထောင်မှ  ပေးစိုက်တယ်ဆိုတော့ ပြောရမယ်ဆိုရင် နိုင်ငံရေးနဲ့ အသွားအလာလည်းမရ အုပ်ချုပ်ရေးမှူးတွေပဲလုပ်တာ ဒေသ မအေးချမ်းတော့ လက်တွေလုပ်ဆောင်ဖို့ ခက်တယ်”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း နေကြာ မျိုးစေ့ တစ်ဧကကို  ၂၅၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိပြီး ရေး ၊ချောင်းဆုံ၊ပေါင်မြို့နယ် ၊သံဖြူဇရပ်၊ ကျိုက်မရော ၊သထုံ၊ ကျိုက်ထို ၊မုဒုံ ၊ဘီးလင်း ၊မော်လမြိုင်တို့ နေကြာစိုက်ပျိုးရေးကို တိုးချှဲစိုက်ပျိုး လုပ်ဆောင်ရမည်ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် မိုးနေကြာနှင့်ဆောင်းနေကြာ စုစုပေါင် စိုက်ပျိုးရေး ဧရိယာ ဧက  ၁ ဒသမ ၅ သန်ကို စိုက်ပျိုးကြပြီး  မြေပဲစိုက်ဧက ၂၈သိန်းကျော် ၊နှမ်းစိုက် ဧက ၃၇ သိန်းကျော်နှင့်  နေကြာစိုက် ဧက ၆သိန်းခန့် အပါအဝင်  ဆီထွက် အသီးအနှံ စိုက်ပျိုးရေး ဧရိယာ ဧက ၇၆ သိန်းကျော်ရှိသည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် တွေ့ ရသည့် နေကြာစိုက်ခင်းတနေရာ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks