spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းသထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

    သထုံတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးဒဏ်ရာရ၊ နေအိမ် ၃ လုံး ပျက်စီး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရပြီး၊ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

    စစ်ကောင်စီတပ် အမှတ်-(၃၁၄) အမြှောက်တပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာ နေရာအတွင်းသို့ နိုဝင်ဘာလ ၃ ရက်နေ့က ညနေ ၆ နာရီဝန်းကျင်မှ ည ၈ နာရီခွဲကျော်အထိ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် လက်နက်ကြီးကျည် ၂ လုံးသည် တက်တူးကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

    ထိုလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တက်တူးကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဦးမိုးအောင်သည် ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် ဦးမိုးအောင်နေအိမ်အပါအဝင် နေအိမ် ၃ လုံးလည်း ကျည်ထိပျက်စီးသွားသည်ဟုလည်း ဆိုထားသည်။

    ယင်းနေ့ ညနေ ၂ နာရီအချိန်ကစပြီးလည်း ခမရ-၉ တပ်ရင်းမှ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ အနီးအနားကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    သထုံမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ အသက်အန္တာရာယ် စိုးရိမ်ထိတ်လန့်နေကြသည်ရှိသလို ထွက်ပြေးတိမ်းရှောင်နေရမှုလည်း မကြာခဏဖြစ်ပွားနေသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts