spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းရာသီဥတုကြောင့်နှင့် စပါးဖျက်ပိုးကြောင့် စပါးအထွက်နှုန်းလျော့ကျ

    ရာသီဥတုကြောင့်နှင့် စပါးဖျက်ပိုးကြောင့် စပါးအထွက်နှုန်းလျော့ကျ

    -

    မွန်ပြည်နယ်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့်နှင့် စပါးဖျက်ပိုးကြောင့် ယခုနှစ် မိုးစပါးအထွက်နှုန်း သိသိသာသာ ကျသွားသည်ဟု ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားတို့ထံမှ သိရသည်။

    ယခုနှစ်တွင် မိုးကြီးရေလျှံမှုကြောင်း ပြည်နယ်အတွင်းက မိုးစပါးခင်းအချို့ ရေနစ်မြုပ်ပြီး ပျက်စီးမှုရှိခဲ့သည့်အပြင် ဖျက်ပိုးကြောင့်လည်း စပါးခင်းအများအပြား ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

    စပါးအထွက်နှုန်းသည် ယခင်နှစ်များနှင့် နှိုင်းယှဥ◌်လျှင် ထက်ဝက်ခန့်ကျသွားသည်ဟု မုဒုံမြို့နယ်၊ ကမာဝက်မြို့မှ လယ်သမားတစ်ဦးက ပြောသည်။

    “မနှစ်က ဧက ၂၀ လုပ်တယ်။ စပါးတင်း ၇၀၀/၈၀၀ လောက် ရတယ်။ ဒီနှစ်က ရေတွတ်လို့မရတော့ဘူး။ စပါး ၈ ဧကလောက်က ပိုးဖျက်လိုက်လို့ စပါးမရတော့ဘူး။ ကျန်တဲ့ ၁၂ ဧကက တင်း ၂၀၀/၃၀၀ လောက်ပဲ ရနိုင်တော့တယ်” ဟု အထက်ပါ လယ်သမားက ဆိုသည်။

    မိုးစပါးပေါ်ချိန်တွင် စပါးစျေးကောင်းရရှိနေသော်လည်း အထွေထွေကုန်ကျစရိတ် ကြီးမြင့်ခြင်းနှင့် စပါးအထွက်နှုန်းလျော့ကျခြင်းကြောင့် စပါးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း လယ်သမားတို့က ပြောသည်။

    လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကောက်ကြီးစပါး တင်း ၁၀၀ လျှင် ကျပ် ၃၂ သိန်း၊ ပေါ်ဆန်မွေးစပါးတင်း ၁၀၀ လျှင် ကျပ် ၃၅ သိန်းဝန်းကျင် ပေါက်စျေးရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

    ချောင်းဆုံမြို့နယ်အတွင်းမှ လယ်သမားတစ်ဦးကလည်း “ဒီနှစ် လယ်လုပ်တာ အမြတ်မရှိဘူး။ စပါးအထွက်လည်း လျော့တယ်။ ဒီနှစ်ရတဲ့ စပါးတွေက ချေးထားတဲ့ငွေတွေ ပြီးတော့ အစိုးရက ထုတ်ပေးထားတဲ့ ချေးငွေတွေကို စပ်လိုက်ရင် ဘာမှမကျန်တော့ဘူး” ဟု ပြောသည်။

    မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်တို့တွင် မိုးစပါးစိုက်ခင်း သိန်းချီ ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။

    မွန်ပြည်နယ်တွင် နှစ်စဉ်မိုးစပါးစိုက်ဧက ၇ သိန်းနီးပါး စိုက်ပျိုးလေ့ရှိပြီး ရေကြီးမြုပ်မှုကြောင့် နှစ်စဉ်စပါးစိုက်ခင်းဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks