spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သား ၁၈ ဦးသေဆုံးပြီး၊ သုံးသောင်းကျော် ထွက်ပြေးနေရ

    ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သား ၁၈ ဦးသေဆုံးပြီး၊ သုံးသောင်းကျော် ထွက်ပြေးနေရ

    -

    ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ ၁၈ ဦးရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

    ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) တို့ ပူးတွဲပြီး “၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့ဖော်ဆောင်သည်။

    “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် သေဆုံးသူ ၁၈ ဦး သေဆုံးပြီး ၄၄ ထိခိုက်သူဒဏ်ရာရရှိခဲ့သည်ဟု NUG က ထုတ်ပြန်ထားသည်။

    တိုက်ပွဲကြောင့် လားရှိုးမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၆,၇၁၆ ဦး၊ သိန္နီမြို့နယ်တွင် ၉,၀၂၃ ဦး၊ ကျောက်မဲမြို့နယ်တွင် ၄၄၀ ဦး၊ ကွတ်ခိုင်တွင် ၁,၁၀၀ ဦး၊ လောက်ကိုင်တွင် ၁,၀၀၀ ဦး၊ မူဆယ်တွင် ၆၀ ဦး၊ ဝပြည်တွင် ၅,၀၀၀ ဦးနှင့် အနီးဝန်းကျင်ကျေးရွာများအတွင်း စစ်ဘေးရှောင်ပြည်သူ ၉,၁၀၆ ရှိကြောင်း လက်ရှိတွင် စစ်ရှောင်ပြည်သူ ၃၂,၄၄၅ ဦးခန့်ရှိနေကြောင်း ဆိုသည်။

    ၎င်းပြင် တိုက်ပွဲကြောင့် လူနေအိမ်အဆောက်အအုံ ၈၀ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၁၂ လုံး ပျက်စီးသွားခဲ့ကြောင်းလည်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ရှမ်းပြည်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၃ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း NUG က ဆိုထားသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ် (ပန်ဆိုင်း) စသည့် မြို့ ၄ မြို့နှင့် စစ်ကောင်စီတပ်စခန်း ၉၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့တို့က ထုတ်ပြန်ထားသည်။

    “၁၀၂၇ စစ်ဆင်ရေး” ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာမက ကချင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တို့တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts